Wednesday, May 14, 2014

ကြက်ဥမှ ပေးစွမ်းနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

----------------------------------------------------------------------

ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ကျန်းမာရေးသတင်းများမှ ဖော်ပြပေးလိုက်ပါတယ်။ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

၁။ ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေကြောင့် လူ၏ ခန္ဓာကိုယ်ကိုလည်း သန်မာထွားကြိုင်းလာစေနိုင်သလို ကြွက်သားများကိုလည်း ပို၍ သန်မာစေနိုင်ပါတယ်။

၂။ ဥအမျိုးမျိုးတို့၏ အနှစ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီကိုလင်းဓါတ်ဟာ ဦးနှောက်နှာ့ဗ်ကျောတို့၏ လှုပ်ရှားမှုများကို သန်မာစေပြီး အားကောင်းစေသည့်အတွက် ဦးနှောက်အာဟာရကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဥအမျိုးမျိုးကို များများစားပေးသင့်ပါတယ်။

၃။ ကြက်ဥ၊ ဘဲဥတို့ကို နံနက်စာအဖြစ် စားသုံးပေးပါက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

၎။ ကြက်ဥမှာပါဝင်တဲ့ ဆာလဖာဓါတ်ဟာ ကော်လာဂျင်၊ ကီလာတင်တို့ကို ထုတ်လုပ်ပေးနိုင်တာမို့ အသားအရေကို လှပစေပါတယ်။ လက်သည်း၊ ဆံပင်စသည်တို့ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ ကြက်ဥ၊ ဘဲဥ စတဲ့ဥအမျိုးမျိုးတို့မှာပါဝင်တဲ့ လူတင်နဲ့ ဇီဇန်သင်းပရိုတင်းဓါတ်တွေဟာ Macular Degeneration လို့ခေါ်တဲ့ အသက်အရွယ်ရလာတာနှင့်အမျှ လျှော့နည်းလာတဲ့ မျက်စိအားနည်းလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကို ကောင်းမွန်စေတာကြောင့် နှလုံးသွေးခဲမှုနှင့် လေဖြတ်ရောဂါများကိုလည်း လျှော့ချပေးနိုင်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
ကိုးကား။ ။ Eggs for health & Good Health.

ကျန်းမာရေးသတင်းများ

ကြက်သွန်ဖြူမှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

------------------------------------------------------------------

ကြက်သွန်ဖြူမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို ကျန်းမာရေးသတင်းမှ ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူဟာ ဆေးဖက်ဝင် အစားအစာတစ်ခုဖြစ်တာကြောင့် ဟင်းခွက်တော်တော်များများမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဆေးဝါးပေါင်းများစွာကိုလည်း ကြက်သွန်ဖြူက ပါဝင်ထားပါတယ်။

ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူဟာ ကိုယ်ခံအားကောင်းနေသည့်အတွက် အလွယ်တကူ ကူးစက်တတ်သည့် ရောဂါများ မကူးစက်နိုင်ပါ။

အစားအသောက်များစွာထဲမှာ ပါဝင်နေတဲ့ ဓါတုဗေဒအဆိပ်များကိုလည်း ပြေစေပါတယ်။

ကြက်သွန်ဖြူသည် ကင်ဆာဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့၏
ဘေးထွက်ဆိုးကျိုးများကိုသက်သာစေနိုင်ပါသည်။

ကင်ဆာဓာတုကုထုံးများနှင့် ဓါတ်ရောင်ခြည်ကုထုံးများကြောင့် ဖြစ်ပေါ်လာသည့် သွေးဖြူလျှော့ကျသည့် ပြဿနာများကို ကြက်သွန်ဖြူစားသုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ကင်ဆာဝေဒနာရှင်များအနေဖြင့်လည်း ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူအဆီအား အားဖြည့်ဓါတ်စာအဖြစ် စားသုံးပေးပါက သက်သာကောင်းမွန်လာစေနိုင်ပါတယ်။

ကင်ဆာ၊ လေးဖက်နာ၊ ဆီးချို၊ အဆုတ်နာ၊ အအေးမိဖျားနာ စသည့်ရောဂါများကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

သတိပြုရန်။ ။

ကြက်သွန်ဖြူကို အခွံခွါပြီး၊ ခွဲခြမ်းပြီး ၁၀ မိနစ်ခန့် လေသလပ်ထားပြီးမှ စားသုံးပါက ပိုမိုအစွမ်းထက်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Health benefits of garlic

ကျန်းမာရေးသတင်းများ

ဒန့် သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ


------------------------------------------------------

ဒန့်သလွန်ရွက်သည် ကျန်းမာရေးအတွက် အလွန် အထောက်အကူပြုပေးနိုင်သည့် အစားအသောက်တစ်မျိုးဖြစ်ပါသည်။ 

ဒန့်သလွန်ရွက်ကို ဟင်းချိုအဖြစ်၎င်း၊ တို့စရာအဖြစ်၎င်း၊ သုပ်စားခြင်းဖြင့်၎င်း ဟင်းအဖြစ် စားသုံးနိုင်ပြီး အရည်ကိုညစ်၍ ဆေးအဖြစ် သောက်သုံးနိုင်ပါတယ်။

ဒန့်သလွန်ရွက်မှ အောက်ပါ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

၁။ သွေးတိုး၊ သွေးတက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ နှာစေးခြင်း၊ နှာမွန်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

၃။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

၎။ ဒန့်သလွန်ရွက်ကို ထန်းလျက်နှင့်အတူ ပြုတ်သောက်ပါက အမျိုးသမီးများအတွက် သွေးသားကို မှန်စေပါတယ်။

၅။ သွေးထဲ ကိုလက်စထရောများခြင်း၊ သွေးခဲခြင်းများကို ကာကွယ်ပေးပါတယ်။

၆။ ၀မ်းမီးအားကို ကောင်းစေပါတယ်။

၇။ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ လေငန်းရောဂါတို့မှလည်း ကာကွယ်ပေးပါတယ်။

ထို့အပြင် ဒန့်သလွန်သီးကို စားပေးပါက အာဟာရပြည့်ဝစေသလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။ ဒန့်သလွန်ပင်၏ အခေါက်၊ အမြှစ်၊ အပွင့်တို့သည်လည်း ဆေးအတွက် အလွန်အသုံးဝင်ပါသည်။

ဒန့်သလွန်ပင်သည် တစ်ပင်လုံး မြန်မာ့ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

သတိပြုရန်။ ။ သွေးအားနည်းနေသူများ စားရန်မသင့်ပါ။

စောနွဲ့ နေဆိုင် (ပူတာအို) မျှဝေပါသည်။
ကိုးကား။ ။ မြန်မာ့ဆေးဖက်ဝင်အပင်များ၊ မြန်မာ့ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

ကွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

-----------------------------------------------------

ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။ 

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။

သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း

ကျန်းမာရေးသတင်းများ

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း

-----------------------------------------------------

ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာဆေးမြီးတိုဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။ 

လိုအပ်သော ပစ္စည်းများမှာ-

၁။ (၁)နှစ်ကျော် ပျားရည်အဟောင်း (သဘာဝပျားရည်စစ်စစ်)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ ရေနွေးခွက်ထဲကို သံပရာသီး တစ်ခြမ်းထည့်လိုက်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည်တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀စေစေနိုင်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

အထိရောက်ဆုံး ကျား မ မရွေး ဆီကျ ၊ ပိန် ၊ ကျစ် စေနည်း

အထိရောက်ဆုံး ကျား မ မရွေး ဆီကျ ၊ ပိန် ၊ ကျစ် စေနည်း
==================================

ဒီနည်းလေးဟာ အင်မတန်မှလွယ်ကူပြီး အဆီကျဖို့ ပိုမိုထိရောက်တဲ့ သဘာဝနည်းလေးတစ်ခုပါ။
တစ်နေ့ သုံးကြိမ်သောက်သုံးရုံဖြင့် ၅ရက်အတွင်း အာနိသင်ပြနိုင်မှာဖြစ်ပြီး အဆီတွေကို သဘာဝနည်းနဲ့ ကျစေတဲ့ နည်းလေးမို့ မနုဿ က အားလုံးအတွက် တင်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ - ပျားရည်စစ်စစ်ရယ်၊ ရှာလကာရည်အဖြူရယ် နှစ်မျိုးတည်းပါပဲ ။

အသုံးပြုနည်းကတော့ - ဆေးတစ်ဖုံစာအတွက် ရှာလကာရည် ၄ဇွန်း ၊ ပျားရည် ၁ ဇွန်း ( 4 :1 လက်ဘက်ရည်ဇွန်းဖြင့် ချိန်တွယ်ပါ ။ )

သောက်သုံးချိန်တွေကတော့ - မနက်စာ မစားခင် တစ်ဖုံသောက်သုံးပေးပါ။
နေ့လည်စာ စားပြီး တစ်ဖုံသောက်ပေးပါ။
ညစာ စားပြီးချိန်တွင် တစ်ဖုံသောက်ပေးပါ။

တစ်ချို့တွေကတော့ အရသာမကြိုက်တာတွေဘာတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ပိန်ချင်လှချင်သူတွေအတွက် သည်းခံပြီးသောက်သုံးပေးကြပါနော်။
သူငယ်ချင်းတစ်ယောက်ဆိုရင် တစ်လအတွင်း ၄ ပေါင် ၅ ပေါင်လောက်ကျသွားတယ်ဆိုပဲ။ အားလုံး စမ်းကြည့်လိုက်ကြနော်။ မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း ဆက်လက်ဝေမျှပေးလိုက်ပါဦးနော်။ ပိန်လို့လှသွားရင် ဟောဒီက မနုဿ ကိုလည်းမမေ့နဲ့နော်။

ချစ်တဲ့ ....မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ

ကင်ဆာဖြစ်စေသော အစားအစာများ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ် မှာ ဒုတိယမြောက် ကင်ဆာ အဖြစ်အများဆုံး နိုင်ငံဖြစ်နေပါပြီ

ကင်ဆာ ဖြစ်ပွါးမှု လျော့ကျစေရန် ဒီ post လေး ကို share ပေးခြင်းဖြင့် ပါဝင်ကူညီ ပြီး ကုသိုလ် ယူကြပါရန် တိုက်တွန်းအပ်ပါသည်

ကင်ဆာဖြစ်စေသော အစားအစာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။စားအုန်းဆီ စားသုံးချင်း

၂။ဓာတုဗေဒ ဆိုးဆေးပါသော အစာအသောက်များ

၃။chemical ဖြင့်ပြုလုပ်ထားသော coffee mixများ နှင့် တာရှည်ခံရန်အသုံးပြု ထားသောစားသောက်ကုန်များ

၎။အချိုမှုန့် များ နှင့် အဆင့်မမှီသောနို့ မှုန့် များ

၅။ဖော့ဘူး/ကျွပ်ကျွပ်အိပ်များ နှင့် ထုပ်ပိုးသော အစားအသောက်များ အပူဖြင့်သော်လည်းကောင်း ဆီဖြင့်သော်လည်ကောင်း ဓါတ်ပြုကြသည်။

၆။ကွမ်းယာ နှင့် မှိုတတ်ငရုပ်သီးမှုန့် များ

Credit To :Shwe News