Saturday, May 17, 2014

အစွမ်းထက် ရေကုထုံး


ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်
ရှည်ဆေး ဖြစ်သွားနိုင်ပါ၏။ထို့ကြောင့် ဤစာကိုဖတ်ပြီးလျှင်
ဝေမျှပေးရန်မမေ့ပါနှင့်။ဤစာသည် တစ်စုံတစ်ယောက်၏အသက်ကို
ကယ်တင်ကောင်း ကယ်တင်နိုင်ပါ၏။
နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်းသောက်
သောအလေ့အထသည် ယနေ့ဂျပန်ပြည်တွင်ခေတ်စားနေ၏။သိပ္ပံပညာ
စမ်းသပ်ချက်များသည်ပင် နံနက်ခင်းရေသောက်ခြင်းအလေ့အထ၏
တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ကျွန်ုပ်တို့ စာဖတ်သူပြည်သူများ
အတွက် ရေ၏အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ဤရေ
ကုထုံးဖြင့် အသက်ကြီးရောဂါ ၊ပြင်းထန်သောရောဂါများ
နှင့် ခေတ်သစ်ရောဂါများကို တစ်ရာရာခိုင်နှုန်း ပျောက်ကင်း
နိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့အစည်းတစ်ခုက တွေ့ရှိ
ခဲ့ပါ၏။
ပျောက်ကင်းနိုင်သောရာဂါများမှာ ခေါင်းကိုက်
ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီ
ရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများရာသီလာမမှန်ခြင်းတို့
ဖြစ်၏။
လိုက်နာရန် နည်းလမ်းများ
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး
တစ်ဘူးခန့်. သို့မဟုတ် သုံးပုံနှစ်ပုံခန့် သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေ
သောက်ပြီး လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ
နှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံ
အတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအ
တွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်
နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်
သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်
ကင်းအောင် ကုသနိုင်ပါ၏။
အောက်တွင် ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်
ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင်
ကောင်း၏။ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီး
ပုံဖော်နိုင်ပါ၏။
ဤစာသည် အင်တာနက် page တစ်ခုမှ ဆေးပညာဆောင်းပါး
တစ်ပုဒ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ၏။စာဖတ်သူသို့မတင်ပြမှီ
ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်သောက်သုံးခဲ့ပါ၏။အလွန်သဘောကျလက်ခံမိပါ၏။
ဝမ်းမမှန်သောကျွန်ုပ် ဝမ်းမှန်လာ၏။တစ်နေ့လုံးလည်း လန်းဆန်းတက်ကြွနေ၏။ရေသည်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေခြင်းအားဖြင့်
ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ယူဆမိ၏။
ထို့ကြောင့် ဓမ္မတာရာသီလာမမှန်သော မိန်းမများအတွက်
အထူးသင့်လျော်သည်ဟု ယူဆမိ၏။သို့သော်အတွေ့အကြုံအရ
ရေကုထုံးတွင် ရေနွေးကိုသုံးသင့်၏။ညသိပ်ရေနွေး အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်ပါ၏။
ကျွန်ုပ်သည် စာဖတ်လျှင် စာများကိုစာအုပ်ထဲမှာဘ မထားတတ်ပေ။စရဏ အကျင့်အဖြစ်သို့ပြောင်းလဲတတ်၏။
ထိုသို့ပြောင်းလဲပေးမှသာ ဘဝသည်တဆင့်ပြီးတစ်ဆင့်
အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလိမ့်မည်ဟု ခံယူ
ထားပါ၏။ထိုအချက်သည် ကျွန်ုပ်၏ ကောင်းသောအချက် ဖြစ်
ပါ၏။ထိုအချက်ကြောင့် မိမိကိုယ် မိမိ ပြန်၍လေးစားမိပါ၏။
ဥပမာပြရလျှင် ကျွန်ုပ်သည် ကျန်းမာရေးစာပေများကိုဖတ်
၍ နံနက်ခင်း ရေသောက်သောအကျင့် နှင့် ထမင်းစားလျှင်ကြက်သွန်ဖြူစားသော အကျင့်တို့ရခဲ့ပါ၏။
ဗုဒ္ဓစာပေများကိုဖတ်၍ စိတ်ထဲတွင် လောဘ၊ဒေါသ၊မောဟအစရှိသော
ကိလေသာတရားများဝင်လာလျှင် သတိလေးနှင့်ကြည့်သော
ဝိပသာနာအကျင့်ကိုရခဲ့ပါ၏။" သတိလေးနှင့်ကြည့်ရမှာ ကိုယ့်
အလုပ် ၊ ကိလေသာတွေကိုပယ်ပေးမှာကတရားအလုပ်" အစရှိသော
ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများလည်း မှတ်သားခဲ့ပါ၏။
အကြင်မာရ်နတ်သည် ကျွန်ုပ်အား ကျပ်သိန်းပေါင်းတစ်သောင်းပေးမည်၊မင်းရဲ့အကျင့်ကိုမလုပ်ပါနှင့်တော့ဟု ပြောလာငြားအံ့။ကျွန်ုပ်သည် ထိုကျပ်သိန်း
ပေါင်းတစ်သောင်းကိုသာစွန့်မည် ဖြစ်၏။မိမိ၏အကျင့်ကို မည်သည့်နည်းနှင့်မျှ မစွန့်။အဘယ့်ကြောင့်ဆိုသော် မနက် ကျပ်သိန်းသုံးထောင်ငါးရာ၊ နေ့လည်ကျပ်သိန်းသုံးထောင်ငါးရာ၊
ညနေ ကျပ်သိန်းသုံးထောင်သုံး၍ မြတ်ဘုရားနှင့်တကွရဟန်းသံဃာ
များကိုလှူ၍ရသောကုသိုလ်ထက် နွားနို့တစ်ညှစ်စာ ပွားများအားထုတ်ရသောဝိပသာနာကုသိုလ်ထူးက သာ၍မြတ်၏။ကျပ်သိန်းပေါင်း တစ်သောင်းသည် လူ့ဘုံ
တစ်ဘုံတည်းတွင်သာ သုံး၍ရသောငွေဖြစ်၏။ဝိပသာနာကုသိုလ်ကား သုံးဆယ့်တစ်ဘုံသာမက နိဗ္ဗာန်တိုင်အောင်သုံးနိုင်၏။
ထိုထိုအကြောင်းများကြောင့် မိမိ၌ရှိနေသော ကောင်းသော
အလေ့အကျင့်တစ်ခုကို မည်သည့်စည်းစိမ်ဥစ္စာတို့နှင့် မလဲလှယ်လိုခြင်း ဖြစ်ပါ၏။
အကျင့်ကောင်းတစ်ခုသည် ဘဝတစ်ခုကို တိုးတက်ပြောင်း
လဲနိုင်စွမ်းရှိပါ၏။လူသားတိုင်း အကျင့်ကောင်းများကိုကျင့်
သုံးပြီး တိုးတက်အောင်မြင်သော ဘဝများကိုပိုင်ဆိုင်ရင်း
နောက်ဆုံး၌မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ...။
@@@@@@@@@@@@
ဘဝအတွက်အရေးကြီးသော တတ်သိသမျှ ဘာသာရေးနှင့်ကျန်း
မာရေးစာပေများကို သေရွာသို့ယူမသွားဘဲ ပြည်ရွာတွင်ထားခဲ့ချင်ပါ၏။
သို့အတွက်ကြောင့် ဘာသာရေးနှင့်ကျန်းမာရေးစာပေများကို ဆက်လက်ကြိုးစား
ရေးသားဦးမည် ဖြစ်ပါ၏။စာဖတ်သူအပေါင်း ကျန်းမာ
ချမ်းသာ ဘေးရန်ကင်းကွာကြပါစေ.....။
ဦးတိုးအောင်

Wednesday, May 14, 2014

ဆီးချို ပျောက်တဲ့နည်း

ဆီးချို ပျောက်တဲ့နည်းတဲ့
=============

မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။
Credit to:ဦးစန်းမောင် (မန်း)

နုပျိုပြီး အသားအရေလှချင်သလား ဒါတွေစား

--------------------------------------------------

လောကကြီး၏ သဘာဝတရားအတိုင်း ခန္ဓာကိုယ်ကြီး၏ အိုမင်းရင့်ရော်ခြင်းကို မည်သူမှ မတားဆီးနိုင်သလို မည့်သည့်ဆေးဝါးမှလည်း မတားဆီးနိုင်ပါ။ ဒါက လောကနိယာမတရားတစ်ခုသာဖြစ်ပါတယ်။

သို့သော် မိမိတို့၏ ခန္ဓာကိုယ်သည် ဥတု၊ အာဟာရတို့ဖြင့် ထိန်းထားနေသည့်အတွက် ခန္ဓာကိုယ်ကို နုပျိုနေအောင်၊ ကျန်းမာအောင်၊ အသက်ရှည်အောင် အစားအသောက်တို့ဖြင့် ထိန်းသိမ်းပေးနိုင်ပါသည်။

လူချင်းတူပေမယ့် အရွယ်တင်နုပျိုချင်း မတူညီကြပဲ အမျိုးမျိုးကွဲပြားခြားနေတတ်ကြပါတယ်။ အကြောင်းရင်းအမျိုးမျိုးရှိနေပေမယ့် ထင်ရှားသည့်အကြောင်းပြချက်များကတော့ အရွယ်တင်နုပျိုသူများဟာ လေ့ကျင့်ခန်းလုပ်ခြင်း၊ မူးယစ်ဆေးဝါးရှောင်ကြဉ်ခြင်း၊ ပျော်ရွှင်အောင်နေတတ်ခြင်း၊ အစားအသောက်ကို ဦးနှောက်ဖြင့် ဆင်ခြင်၍ ရွေးချယ်စားသောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

အောက်ဖော်ပြပါ အစားအသောက်များဟာ အရွယ်တင်နုပျိုခြင်းကို အထောက်အပံ့ပေးမည့် အစားအစာများဖြစ်ပါသည်။

၁။ ခရမ်းချဉ်သီး
၂။ ထောပတ်သီး
၃။ ဟင်းနုနယ်ရွက်
၎။ လက်ဖက်၊ လက်ဖက်ရည်၊ လက်ဖက်ခြောက်
၅။ သံလွင်ဆီ
၆။ အစေ့အဆန်များ
၇။ စပျစ်သီး
၈။ ငုံးဥနှင့် ဥအမျိုးမျိုး
၉။ ငါးအမျိုးမျိုးနှင့် ပင်လယ်စာများ
၁၀။ အစိမ်းရင့်ရောင်ပါသော လတ်ဆတ်သော ဟင်းသီးဟင်းရွတ်များ

၁။ ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ လိုင်ကိုပင်း (Lycopene) ဓါတ်ဟာ လူရဲ့ခန္ဓာကိုယ်ထဲက ရောဂါမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းစားခြင်းထက် အပူပေးပြီးစားပါက လိုင်ကိုပင်းဓါတ်ကို ပိုမိုရရှိစေပါတယ်။

၂။ ထောပတ်သီးထဲမှာပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ဟာ သွေးပေါင်ကိုလည်း ကျစေသလို၊ လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် E လည်း များစွာပါဝင်နေပါတယ်။

၃။ ဟင်းနုနယ်ရွတ်ထဲမှာပါဝင်တဲ့ ကာရိုတင်နိုက်လို့ခေါ်တဲ့ ဓါတ်တစ်မျိုးဟာ မျက်စိရောဂါအမျိုးမျိုးတို့ကို ကာကွယ်ပေးပြီး အမြင်အာရုံများကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

၎။ လက်ဖက်ထဲမှာပါဝင်တဲ့ ဓါတ်တိုး၊ ဓါတ်ပေါင်းတွေဟာ အင်ဆူလင်ရဲ့အာနိသင်ကို ၁၅ % ရာခိုင်နှုံး တိုးမြင့်စေပြီး ဆီးချို ၊ နှလုံးတို့ကို ကာကွယ်ပေးပါတယ်။ လက်ဖက်ရည်ဟာ ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့အတွက် ထုတ်လုပ်ထားတဲ့ ဆေးဝါးပေါင်းများစွာမှာ ပါဝင်ထားပါတယ်။ ကင်ဆာအမျိုးမျိုးတို့ကိုလည်း ကာကွယ်ပေးနိုင်သောကြောင့်ဖြစ်ပါတယ်။ အရိုးပါးခြင်းနှင့် အရိုးကျိုးခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။

မှတ်ချက်။ ။ လက်ဖက်ခြောက်ကို ရေနွေးပူပူ ဆူပွက်ထဲမှာ ၃ မိနစ်မှ ၅ မိနစ်ခန့် နှပ်ပေးထားမှသာ အကျိုးအားနိသင်ကို ပေးစွမ်းနိုင်မှာပါ။

၅။ သံလွင်ဆီကို ဟင်းချက်သည့်အခါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးပါတဲ့ဟင်းများနှင့် ပိုမိုလိုက်ဖက်သင့်လျော်ပါတယ်။

၆။ အစေ့အဆန်များမှာ ကယ်လိုရီဓါတ်များစွာ ပါဝင်နေပြီး အဆီဓါတ်၊ အငံဓါတ်၊ ဆားဓါတ်မပါဝင်သည့်အတွက် ဆီးချို၊ သွေးချိုတို့မဖြစ်စေပါဘူး။ အထူးသဖြင့် ဗန်ဒါစေ့များမှာပါဝင်သည့် ဗီတာမင် E ဟာ အိုမင်းရင့်ရော်ခြင်းကို များစွာကာကွယ်ပေးနိုင်ပါတယ်။

၇။ စပျစ်သီးထဲမှာပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ နှလုံးရောဂါများကို လျော့ပါးစေပြီး အသားအရေကို လန်းဆန်းသစ်လွင်စေပါတယ်။

၈။ ငုံးဥတစ်လုံးထဲမှာပါဝင်တဲ့ အာဟာရဓါတ်ဟာ အခြားဥများထက် (၃)တိတိ သာလွန်ပါတယ်။ ဒါ့ကြောင့် ငုံဥကို များများစားပေးပါက အာဟာရပိုမိုပြည့်ဝစေပြီး ခန္ဓာကိုယ်ကို နုပျိုလန်းဆန်းစေပါတယ်။

၉။ ငါးကို များများစားပေးပါက လူ၏ခန္ဓာကိုယ်အတွက် လိုအပ်နေသော အာဟာရတို့ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အထူးသဖြင့် ဆော်လမွန်ငါးဟာ အရွယ်တင်နုပျိုပြီး အသက်ရှည်စေတဲ့ဓါတ် ပိုမိုပြည့်ဝပါတယ်။ ဂျပန်လူမျိုးတို့၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်ထဲမှာ ပင်လယ်စာနှင့် ဆော်လမွန်ငါးတို့လို ငါးအမျိုးမျိုးကို စားသုံးနေရခြင်းလည်း ပါဝင်နေပါတယ်။

၁၀။ အစိမ်းရင့်ရောင်ပါဝင်သော ပန်းဂေါ်ဖီ၊ ပန်းမုံလာ၊ ငရုတ်ပွသီး၊ ဆလပ်ရွက်၊ ကန်စွန်းရွက် စသည့်လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါက မျက်စိအားကောင်းခြင်း၊ ဆံပင်နက်မှောင်သန်မာခြင်း၊ အဆီဓါတ်နှင့် ကိုယ်အလေးချိန်များကို လျှော့ချပေးခြင်း၊ အာဟာရပြည့်ဝခြင်း စသည်တို့ကြောင့် အရွယ်တင်ပြီး နုပျိုခြင်းကို ပိုမိုပေးစွမ်းနိုင်ပါတယ်။

အထက်ကပြောခဲ့သလိုပါပဲ ဒီအစားအသောက်တွေကို စားသုံးပေးပြီးပါကလည်း မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ခြင်း၊ အားကစားများကို လိုက်စားပြီးကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စိတ်ချမ်းသာအောင် နေထိုင်းစသည့်အချက်များကို လိုက်နာကျင့်သုံးနိုင်မှသာ အရွယ်တင်နုပျိုခြင်းကို ဖြစ်စေမည်ဖြစ်ကြောင်း ထပ်မံတင်ပြလိုက်ရပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Ten foods keep you looking young.

credit to : ကျန်းမာရေးသတင်းများ

ကြက်သွန်ဖြူ မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

------------------------------------------------------------------

ကြက်သွန်ဖြူမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို ကျန်းမာရေးသတင်းမှ ဖော်ပြပေးလိုက်ပါတယ်။ 

ကြက်သွန်ဖြူဟာ ဆေးဖက်ဝင် အစားအစာတစ်ခုဖြစ်တာကြောင့် ဟင်းခွက်တော်တော်များများမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဆေးဝါးပေါင်းများစွာကိုလည်း ကြက်သွန်ဖြူက ပါဝင်ထားပါတယ်။

ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူဟာ ကိုယ်ခံအားကောင်းနေသည့်အတွက် အလွယ်တကူ ကူးစက်တတ်သည့် ရောဂါများ မကူးစက်နိုင်ပါ။

အစားအသောက်များစွာထဲမှာ ပါဝင်နေတဲ့ ဓါတုဗေဒအဆိပ်များကိုလည်း ပြေစေပါတယ်။

ကြက်သွန်ဖြူသည် ကင်ဆာဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့၏
ဘေးထွက်ဆိုးကျိုးများကိုသက်သာစေနိုင်ပါသည်။

ကင်ဆာဓာတုကုထုံးများနှင့် ဓါတ်ရောင်ခြည်ကုထုံးများကြောင့် ဖြစ်ပေါ်လာသည့် သွေးဖြူလျှော့ကျသည့် ပြဿနာများကို ကြက်သွန်ဖြူစားသုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ကင်ဆာဝေဒနာရှင်များအနေဖြင့်လည်း ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူအဆီအား အားဖြည့်ဓါတ်စာအဖြစ် စားသုံးပေးပါက သက်သာကောင်းမွန်လာစေနိုင်ပါတယ်။

ကင်ဆာ၊ လေးဖက်နာ၊ ဆီးချို၊ အဆုတ်နာ၊ အအေးမိဖျားနာ စသည့်ရောဂါများကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

သတိပြုရန်။ ။

ကြက်သွန်ဖြူကို အခွံခွါပြီး၊ ခွဲခြမ်းပြီး ၁၀ မိနစ်ခန့် လေသလပ်ထားပြီးမှ စားသုံးပါက ပိုမိုအစွမ်းထက်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Health benefits of garlic

ကျန်းမာရေးသတင်းများ

ကော်ဖီများများသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်

-------------------------------------------------------------------

ကော်ဖီထဲမှာပါဝင်နေတဲ့ ကဖင်းဓါတ်ဟာ လူရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်ကျန်းမာရေးအားနည်းနေသူများ ကော်ဖီကို အလွန်အကျွံမသောက်သင့်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် တစ်နေ့ကို ကဖင်းဓါတ် 300mg ထက်ပိုမိုသောက်သုံးပါက ကလေးကြီးထွားမှုနှုန်းများ ကျဆင်းကာ ကိုယ်ဝန်ပျက်ကျနိုင်ခြေထိ ဖြစ်တတ်ပါတယ်။

သောက်သင့်သည့် ပမာဏထက် ပိုသောက်ပါက ကျန်းမာရေးကောင်းမွန်နေသူများလည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို တစ်ခွက်ထက် ပိုမိုမသောက်သုံးကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားပါတယ်။

ကော်ဖီအမျိုးမျိုးတို့တွင့် မတူညီသော ကဖင်းဓါတ်ပမာဏများကလည်း အမျိုးမျိုးရှိနေတာမို့ သုံးစွဲသူများ၏ ကျန်းမာရေးကို ရှေးရှုသောအားဖြင့် တိကျသော အချက်အလက်တို့ကို ထည့်သွင်းဖော်ထားသင့်ကြောင်း Glasgow တက္ကသိုလ်မှ လူ့အာဟာရဆိုင်ရာဌာနမှူး ပါမောက္ခ Mike Lean ကဆိုခဲ့သည်။

Latte, cappuccino စသည့်ကော်ဖီတို့ထက် Espresso ကော်ဖီတွင်း ကဖင်းဓါတ်ပါဝင်မှုက ပိုမိုမြင့်မားနေကြောင်းကိုလည်း ၄င်းက ထောက်ပြသွားခဲ့ပါတယ်။

ထို့ကြောင့် ကော်ဖီကို နှစ်သက်သူများ အလွန်အကျွံမသောက်သုံးသင့်ကြောင်း တင်ပြလိုက်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Foods and Health

credit to : ကျန်းမာရေးသတင်းများ

မျက်နှာကို ဖြူစင်ဝင်းပလာစေမည့် သဘာဝနည်းလမ်းများ

----------------------------------------------------------------------

နေရောင်ခြည်အောင်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းဖြင့် ညိုမဲလာသော အသားအရေကြောင့် မှဲ့ကင်ဆာနှင့် အရေပြားကင်ဆာကဲ့သို့သောရောဂါများ မဖြစ်ရလေအောင် အောက်ဖော်ပြပါ သဘာဝနည်းလမ်းများဖြင့် အလွယ်တကူ ပျောက်ကင်းစေပြီး အသားအရေကို ပိုမိုဝင်းပလာစေနိုင်ပါတယ်။

၁။ သရက်သီးနှင့် နွားနို့

မွှေထားတဲ့ သရက်သီးအနှစ်ထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့်ထည့်ရောပါ။ ပြီးရင် မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ထားပြီး မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓါတ်တစ်ခုဟာ မျက်နှာအရေပြားပေါ်က အဖုအထစ်လေးတွေကိုစုပ်ယူပြီး နွားနို့က ဆေးကြေားပေးလိုက်တာကြောင့် မျက်နှာကိုချောမွတ်တောက်ပလာစေပြီး အရေပြားကင်ဆာမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သတိပြုရန် = သရက်သီးကို ယင်မွှေထားစဉ် ယင်ကောင်းများ မနားစေရပါ။ ရေရောထားတဲ့ နွားနို့မဖြစ်စေရပါ။

၂။ နွားနို့နှင့် ပျားရည်

နွားနို့စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပါ။ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။

၃။ ပျားရည်နှင့် ထောပတ်သီး

မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည်တစ်ဇွန်းခန့်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်များကို သေချာသန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်နေပါစေ။ ပြီးရင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်မတိုင်ခင် ပြန်ခွါနိုင်ပါတယ်။ မျက်နှာအရေပျားများကို ချောမွတ်စေပါတယ်။

၎။ ကြက်ဥအကာနှင့် ပျားရည်

ကြက်ဥအကာနှင့် ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံးပြုလုပ်ပေးပါ။
၁၅ မိနစ်ခန့်ကြာအောင်ထားပြီး ပြန်ခွါလိုက်ပါ။ မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။

၅။ မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရန်သာမက ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Beauty and Healthy

credit to : ကျန်းမာရေးသတင်းများ

ဆံပင်နက်မှောင်ပြီး သန်မာစေမည့် အစေားအသောက် (၁၀)မျိုး

------------------------------------------------------------------------

ဖော်ပြပါ အစားအသောက်(၁၀)မျိုးကို စားသုံးပေးပါက သင့်ဆံကေသာများကို သန်မာလာစေပြီး နက်မှောင်စေပါမည်။ 

၁။ အခွံမာသီးမျာ
၂။ ဥအမျိုး
၃။ ငှက်ပျောသီး
၎။ ငါးအမျိုးမျိုး
၅။ မုန်လာဥနီ
၆။ ကောက်ပဲသီးနှံအမျိုးမျိုး
၇။ နို့နှင့် နို့ထွက်ပစ္စည်းများ
၈။ ကြက်သား၊ ဘဲသား
၉။ ကန်စွန်းဥ
၁၀။ ပန်းကော်ဖီအစိမ်းရောင်

၎င်းအစားအစာများကို စားသုံးပေးပါက ဆံပင်များကို သန်မာစေနိုင်ပါသည်။

စောနွဲ့ နေဆိုင်(ပူတာအို)
Ref: TECHGLAM(10 Foods For Beautiful Healthy Hair)

ကျန်းမာရေးသတင်းများ