Saturday, May 31, 2014

လည်ချောင်းနာခြင်း အတွက် အကောင်းဆုံး အိမ်တွင်ကုထုံးများ


လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ ချောင်းလည်း ဆိုးပါတယ်။ ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်းနည်းဖြင့် ရောဂါ ကုထုံးများကို ရေးသားလိုက်ရပါတယ်။
(၁) ဆားဖြင့် ပုလုပ်ကျင်းပေးပါ။ ဆားဖြင့်ပလုပ်ကျင်းတာက ခတွင်းအတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ် စေပါတယ်။
(၂) ပျားရည် သောက်ပါ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဇွန်း
(သို့) နှစ်ဇွန်း လောက် သောက်ပေးပါ။ အိပ်ယာဝင်ခါနီး သောက်တာက ရောဂါအတွက် ပိုမိုသက်သာ စေပါလိမ့်မယ်။
(၃) သံပုရည် သောက်ပါ။ သံပုရာရည် သောက်ရာတွင် ရေကြက်အေး ပျားရည် ဆား စတာတွေကို ရောစပ်ကာ သောက်ပါက ပိုမိုပြီး သက်သာပါလိမ့်မယ်။
(၄) ကြက်သွန် ဖြူစားပါ။ ကြက်သွန်ဖြူက ဟင်းချက်ရာမှ အဓိက သုံးတယ်ဆိုပေမယ့် ထိုကြက်သွန်ဖြူကို အစိမ်းလိုက် စားပေးပါ။
အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပါက သင်၏ လည်ချောင်းနာ ဝေဒနာကြီး သက်သာ ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

Tuesday, May 27, 2014

''အကျီင်္လှလှလေး ၀တ်ဖို့ Emergency ၇ရက်အတွင်း ၀ိတ်ချနည်း''


''အကျီင်္လှလှလေး ၀တ်ဖို့ Emergency ၇ရက်အတွင်း ၀ိတ်ချနည်း''
သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ၀ိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းက ရေရှည် ၀ိတ်ချချင်သူအတွက်တော့ အလုပ်မဖြစ်ပေမယ့် ၁ပတ်အတွင်း အကျီင်္လှလှလေး ၀တ်ဖို့အတွက်တော့ သင့်လျော်တဲ့နည်းပါ။

ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မှို စသည့်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုကို ထမင်းနဲ့ ဟင်း နေရာမှာ အစားထိုး စားသုံးရမှာဖြစ်ပါတယ်။ ဟင်းချိုချည်းပဲ နေ့တိုင်းစားလို့ ဘယ်လို ဗိုက်ပြည့်မှာလဲလို့ ပြောစရာရှိပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုအပြင် သူ့နေ့အလိုက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမဲသား၊ အာလူး စသည်ဖြင့် တနေ့နဲ့ တနေ့ သူရဲ့ plan အတိုင်း အလှည့်ကျ စားသွားရင် ၁ပတ်အတွင်း အကျီင်္လှလှလေးတွေ ၀တ်နိုင်ပါလိမ့်မယ်။

ပထမနေ့ -

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် ငပျောသီးမှ လွှဲ၍ မိမိကြိုက်နှစ်သက်သော သစ်သီးများကို စားနိုင်သည်။ အရည်အတွက် မချိုသော လဘက်ရည်၊ cranberry juice နှင့် ရေကို သောက်သုံးနိုင်ပါသည်။

ဒုတိယရက် -

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်သည်။ ပဲနှင့် ပြောင်းဖူးကိုတော့ မစားသုံးပါနှင့်။ ညစာအတွက် ဆုကြေးအနေနဲ့ အာလူးကင်ကို ထောပတ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒုတိယနေ့အတွက် သစ်သီးများ မစားပါနှင့်။

တတိယရက် -

ပထမရက် နဲ့ ဒုတိယရက်ကို ပေါင်းပြီ ဂေါ်ဖီထုပ်ဟင်းချို၊ သစ်သီး၊ ဟင်းသီးဟင်းရွက် အားလုံးကို သုံးဆောင်လို့ရပါတယ်။ ဒါပေမယ့် အာလူးကင်တော့ မပါပါဘူး။

စတုတ္တရက် -

ဂေါ်ဖီထုပ်ဟင်းချို နှင့် ငပျောသီး (စားနိုင်သလောက် အများဆုံး ၈လုံး) လောက်စားနိုင်ပြီ အဆီမပါသော နွားနို့(အများဆုံး ၂ခွက်) သောက်နိုင်ပါတယ်။

ပဉ္စမရက် -

အမဲသား ၂၂အောင်စ၊ ခရမ်းချဉ် (အများဆုံး ၆လုံး) ကို စားသုံးနိုင်ပါတယ်။ အမဲသား မစားသူများအတွက် အရေခွံမပါသော ကြက်သား(သို့)ငါးကို ပြုတ်၍ဖြစ်စေ၊ ကင်၍ဖြစ်စေ စားသုံးနိုင်သည်။ ခန္ဒာကိုယ်ထဲမှ uric acid ကို ဖယ်ရှားရန် တစ်နေ့လုံး ရေကို ၆ခွက်မှ ၈ခွက်ထိ သောက်ပေးပါ။ သို့ပေမယ့် ဂေါ်ဖီထုပ်ဟင်းချိုကို အနည်းဆုံး ၁ကြိမ်တော့ စားဖို့ မမေ့ပါနှင့်။

ဆဌ္ဖမနေ့ -

တနေကုန် အမဲသားနှင့် ကြိုက်နှစ်သက်ရာ အရွက်တွေကို သုံးဆောင်နိုင်ပါသည်။ အမဲသားကို ၂၊ ၃တုံးထိပင် သုံးဆောင်နိုင်ပါသေးသည်။ သို့သော် အာလူးကင်တော့ မစားပါနှင့်။ ဂေါ်ဖီထုပ်ဟင်းချိုကတော့ အနည်းဆုံး ၁ကြိမ်သောက် စားပေးပါ။

သတ္တမနေ့ -

ထမင်းအညှိ၊ မချိုတဲ့ သစ်သီး နှင့် ဟင်းသီးဟင်းရွက် စားလို့ရပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုကိုတော့ အနည်းဆုံး ၁ကြိမ်တော့ သောက်ပေးပါအုန်း။

မှတ်ချက် ။ ။ ဒီဝိတ်ချနည်းက ရက်တို ရရက်အတွက်သာ ဖြစ်ပါသည်။ ၇ရက်ပြည့်သွားလျှင် ၂ပတ်ပုံမှန် စားနေကျအတိုင်း ပြန်စားပြီမှ ဒီဝိတ်ချနည်းအတိုင်း ပြန်စားရမှာပါ။ ရေရှည်စားဖို့ သင့်လျော်တဲ့နည်းမဟုတ်ပါ။

ဂေါ်ဖီထုပ် ဟင်းချိုချက်နည်း

ပါဝင်ပစ္စည်းများ

• ဂေါ်ဖီထုပ် - ၁စိတ် ( တကိုက်စာ အရွယ်ပိုင်းပေးပါ)
• မုန်လာဥနီ - ၂ဥ (ပါးပါးလှီးပါ)
• ငရုတ်ပွစိမ်း - ၂ခု (အစေ့ထုတ် အတုံးသေးများ တုံးပေးပါ)
• မှို - ၁၀ကျပ်သား (ထပ်ခြမ်းခြမ်းပေးပါ)
• ခရမ်းချဉ်သီး - ၂လုံး ( ၈စိမ်စိပ်ပေးပါ)
• ကြက်သွန်မြိတ် - ၁စည်း ( ပါးပါးလှီးပါ)
• ဟင်းခတ်အမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• တုံယမ်းအခဲ - ၁ခဲ (optional)
• ဆား (လုံးဝ မထည့်ရပါ)

ချက်ပြုတ်နည်း

၁။ အိုးတစ်ခုထဲ ရေ(ရခွက်) ထည့်ပေးပြီ ဆူအောင်တည်ထားပေးပါ။
၂။ ဆူလာလျှင် ပါဝင်ပစ္စည်းများဖြစ်သော (ဂေါ်ဖီထုပ်၊ ငရုတ်ပွစိမ်း၊ မုန်လာဥနီ)တို့ကို ထည့်ပေးပါ။
၃။ ပြီမှ အနူလွယ်သော (မှို၊ ခရမ်းချဉ်သီး) တို့ကို ထည့်ပေးပြီ အရသာအတွက် ဟင်းခတ်မှုန့် နှင့် တုံယမ်းအခဲတို့ကို ထည့်ပေးပါ။
၎။ ဟင်းရွက်များ နူပြီဆိုလျှင် ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။

မှတ်ချက် ။ ။ ဂေါ်ဖီထုပ်ဟင်းချိုကို များများစားပေးလျှင် ပိုဝိတ်ကျသည်။

ဘာသာပြန်

Wednesday, May 21, 2014

ဝက်ခြံပျောက်တဲ့သဘာဝဆေးနည်းတစ်မျိုး


မျက်နှာပေါ်က ၀က်ခြံများကို လိမ်းဆေးမျိုးစုံဖြင့် လိမ်းပြီး မသက်သာဘူးဆိုလျှင် အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်ပါ။ လက်တွေ့ ပျောက်တဲ့ ဆေးနည်းလေးမို့  ပြန်လည်မျှဝေလိုက်ပါတယ်။

၁။ ထောပတ်သီးတစ်လုံး
၂။ ငှက်ပျောသီးတစ်လုံး
၃။ ပျားရည်စစ်စစ် (၂ ဇွန်းခန့် )
၎။ ဒိန်ချဉ် (၂ ဇွန်းခန့် )

ပျားရည်စစ်စစ် မရနိုင်သော်လည်း ၃ မျိုးတည်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ၄င်းတို့ကို သမနေအောင်မွှေပြီး ကြိတ်နယ်လိုက်ပါ။ ညက်နေအောင် ကြိတ်ပြီးလျှင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ မျက်နှာဖုံးပြုလုပ်သလို ဖုံးအုပ်ပေးထားပါ။

မိနစ် ၂၀ (သို့မဟုတ်) နာရီဝက်ခန့်ကြာပြီးလျှင် ရေနွေးဖြင့် မျက်နှာကို သန့်စင်လိုက်ပါ။ မျက်နှာပေါ်မှာ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်နှင့် အဖုလေးများ ကင်းစင်သွားပြီး မျက်နှာပိုမို တောက်ပလာပါလိမ့်မည်။<br>

မျက်နှာအဆီပြန်သူများလည်း ၄င်းဆေးနည်းကို အသုံးပြုပေးပါက မျက်နှာအဆီမပြန်တော့ပဲ အသားအရေကို တင်းတင်းရစ်ရစ်ဖြစ်စေပြီး ၀င်းပလာစေမှာဖြစ်ပါတယ်။<br>

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ပျိုမေတို့သိစရာ

Tuesday, May 20, 2014

သစ်သီး၊ သစ်ရွက်များကို အန္တရာယ်မဖြစ်အောင် စားနည်း


---------------------------------------------------------------
ပန်းသီးစားခါနီး သတိထားကြပါ။ ကုန်တိုက်၊ စူပါမားကက်နှင့် ဈေးဆိုင်တို့မှာ ရောင်းချနေတဲ့ ပန်းသီးနှင့် အခြားအသီးများမှာ ရေရှည်ထားခံအောင်နှင့် အအေးခံနိုင်အောင် ဖယောင်းသုတ်ထားတတ်ကြပါတယ်။ Becox wax ကို သုတ်လိမ်းထားပြီး ဘတ်တီးရီးယားပိုးများ မ၀င်အောင်၊ ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ်အောင် လုပ်ထားကြပါတယ်။
အခွံခွါပြီး စားသူများအတွက် ဘာမှမဖြစ်ပေမယ့် အခွံမခွါပဲ ကိုက်စားတတ်သူများအတွက် အလွန်အန္တရာယ်ကြီးပါတယ်။
ဒါ့ကြောင့် ပုံမှာ မြင်ရတဲ့အတိုင်း အခွံကို ရေဆေးထားတဲ့ ဓါးအသန့်နှင့် ဖယောင်းများကို အရင် ခြစ်ထုတ်လိုက်ပြီး ရေထပ်ဆေးကာ စားကြဖို့ ကျန်းမာရေးစာမျက်နှာများမှာ တိုက်တွန်းထားပါတယ်။
နောက်တစ်ခုကတော့ ဈေးက၀ယ်လာတဲ့ သစ်သီးသစ်ရွက်တွေကို ရေအရင်ဆေးပြီးမှသာ ချက်ပြုတ်စားသောက်ကြဖို့ပါ။
ဒီခေတ်မှာတော့ အသီးအရွက်များဟာ ပိုးသတ်ဆေးနှင့် ရေရှည်အထားခံအောင် ဆေးဖြန်းထားတဲ့ အသီးအရွက်များဟာ အလွန်ကို များပြားနေပါတယ်။
ဒါ့ကြောင့် ဈေးက၀ယ်လာပြီးတာနဲ့ မလှီးမဖြတ်မီ ရေဇလုံထဲထည့်ပြီး ရေအရင်ဆေးလိုက်ပါ။ လှီးဖြတ်ပြီးရင်လည်း မချက်မီ ရေဇလုံထဲကို ရှာလကာရည် ၂ဇွန်း၊ ၃ ဇွန်းခန့်ထည်ပြီး ခဏလောက် စိမ်ထားလိုက်ပါ။ ပြီးမှ ရေပြန်ဆေးကျောသန့်စင်ပြီး ချက်ပြုတ်စားသောက်ပါက အန္တရာယ်ကင်းရှင်းပြီး ရောဂါလည်း မဖြစ်နိုင်တော့ပါဘူး။
အသက်ကိုဉာဏ်စောင့်ဆိုသည့်အတိုင်း ဉာဏ်နှင့်ယှဉ်ပြီး အန္တရာယ်ကင်းစွာ စားသောက်နိုင်ကြစေဖို့ မေတ္တာဖြင့် မျှဝေပေးလိုက်ပါသည်။
စောနွဲ့ နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား။ ။ Cleaning Fresh Fruit and Veggies with a Homemade Veggie Wash

Monday, May 19, 2014

မြွေဆိပ်ဖြေဆေးပင်

-------------------
(သုံးကြိမ်မြောက် ဇီဝိတဒါန အဖြစ်မျှဝေပါသည်)
သုတေသနပြုနိုင်ပါလျှင် အကျိုးကျေးဇူးများနိုင်ပါသည်။
မသိသူကျော်သွားသိသူဖော်စား
ဤဆေးပင်သည်မြန်မာနိုင်ငံ
အနှံ့အပြားတွင်ပေါက်ရောက်ပြီး
ဒန္တသုခ&တောဓားပြဆေးပင်ဟုခေါ်သည်။
ဤဆေးပင်သည်မြွေပွေးမြွေဟောက်စသော
အဆိပ်ရှိသတ္တဝါများ၏အဆိပ်နှင့်
အညှော်ဝင်အညှော်မိ၍ကိုက်ခဲရောင်ရမ်းမှုမှန်သမျှကို
(၅)မိနစ်အတွင်းအလျင်အမြန်ပျောက်ကင်းစေပါသည်။
လက်တွေ့စမ်းသပ်ထားပြီးဖြစ်သဖြင့်
ယုံကြည်စွာသုံးစွဲနိုင်ပါသည်။
အသက်ရှိသေးလျင်လုံလောက်ပါသည်။
ပဉ္စငါးပါးတခုခုကိုဝါး၍အရည်ဖြင့်အနာဝကိုသုတ်လိမ်းပေးပြီး
အဖတ်ကိုမျိုချလိုက်ပါ။




Saturday, May 17, 2014

အစွမ်းထက် ရေကုထုံး


ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်
ရှည်ဆေး ဖြစ်သွားနိုင်ပါ၏။ထို့ကြောင့် ဤစာကိုဖတ်ပြီးလျှင်
ဝေမျှပေးရန်မမေ့ပါနှင့်။ဤစာသည် တစ်စုံတစ်ယောက်၏အသက်ကို
ကယ်တင်ကောင်း ကယ်တင်နိုင်ပါ၏။
နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်းသောက်
သောအလေ့အထသည် ယနေ့ဂျပန်ပြည်တွင်ခေတ်စားနေ၏။သိပ္ပံပညာ
စမ်းသပ်ချက်များသည်ပင် နံနက်ခင်းရေသောက်ခြင်းအလေ့အထ၏
တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ကျွန်ုပ်တို့ စာဖတ်သူပြည်သူများ
အတွက် ရေ၏အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ဤရေ
ကုထုံးဖြင့် အသက်ကြီးရောဂါ ၊ပြင်းထန်သောရောဂါများ
နှင့် ခေတ်သစ်ရောဂါများကို တစ်ရာရာခိုင်နှုန်း ပျောက်ကင်း
နိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့အစည်းတစ်ခုက တွေ့ရှိ
ခဲ့ပါ၏။
ပျောက်ကင်းနိုင်သောရာဂါများမှာ ခေါင်းကိုက်
ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီ
ရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများရာသီလာမမှန်ခြင်းတို့
ဖြစ်၏။
လိုက်နာရန် နည်းလမ်းများ
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး
တစ်ဘူးခန့်. သို့မဟုတ် သုံးပုံနှစ်ပုံခန့် သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေ
သောက်ပြီး လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ
နှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံ
အတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအ
တွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်
နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်
သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်
ကင်းအောင် ကုသနိုင်ပါ၏။
အောက်တွင် ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်
ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင်
ကောင်း၏။ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီး
ပုံဖော်နိုင်ပါ၏။
ဤစာသည် အင်တာနက် page တစ်ခုမှ ဆေးပညာဆောင်းပါး
တစ်ပုဒ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ၏။စာဖတ်သူသို့မတင်ပြမှီ
ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်သောက်သုံးခဲ့ပါ၏။အလွန်သဘောကျလက်ခံမိပါ၏။
ဝမ်းမမှန်သောကျွန်ုပ် ဝမ်းမှန်လာ၏။တစ်နေ့လုံးလည်း လန်းဆန်းတက်ကြွနေ၏။ရေသည်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေခြင်းအားဖြင့်
ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ယူဆမိ၏။
ထို့ကြောင့် ဓမ္မတာရာသီလာမမှန်သော မိန်းမများအတွက်
အထူးသင့်လျော်သည်ဟု ယူဆမိ၏။သို့သော်အတွေ့အကြုံအရ
ရေကုထုံးတွင် ရေနွေးကိုသုံးသင့်၏။ညသိပ်ရေနွေး အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်ပါ၏။
ကျွန်ုပ်သည် စာဖတ်လျှင် စာများကိုစာအုပ်ထဲမှာဘ မထားတတ်ပေ။စရဏ အကျင့်အဖြစ်သို့ပြောင်းလဲတတ်၏။
ထိုသို့ပြောင်းလဲပေးမှသာ ဘဝသည်တဆင့်ပြီးတစ်ဆင့်
အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလိမ့်မည်ဟု ခံယူ
ထားပါ၏။ထိုအချက်သည် ကျွန်ုပ်၏ ကောင်းသောအချက် ဖြစ်
ပါ၏။ထိုအချက်ကြောင့် မိမိကိုယ် မိမိ ပြန်၍လေးစားမိပါ၏။
ဥပမာပြရလျှင် ကျွန်ုပ်သည် ကျန်းမာရေးစာပေများကိုဖတ်
၍ နံနက်ခင်း ရေသောက်သောအကျင့် နှင့် ထမင်းစားလျှင်ကြက်သွန်ဖြူစားသော အကျင့်တို့ရခဲ့ပါ၏။
ဗုဒ္ဓစာပေများကိုဖတ်၍ စိတ်ထဲတွင် လောဘ၊ဒေါသ၊မောဟအစရှိသော
ကိလေသာတရားများဝင်လာလျှင် သတိလေးနှင့်ကြည့်သော
ဝိပသာနာအကျင့်ကိုရခဲ့ပါ၏။" သတိလေးနှင့်ကြည့်ရမှာ ကိုယ့်
အလုပ် ၊ ကိလေသာတွေကိုပယ်ပေးမှာကတရားအလုပ်" အစရှိသော
ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများလည်း မှတ်သားခဲ့ပါ၏။
အကြင်မာရ်နတ်သည် ကျွန်ုပ်အား ကျပ်သိန်းပေါင်းတစ်သောင်းပေးမည်၊မင်းရဲ့အကျင့်ကိုမလုပ်ပါနှင့်တော့ဟု ပြောလာငြားအံ့။ကျွန်ုပ်သည် ထိုကျပ်သိန်း
ပေါင်းတစ်သောင်းကိုသာစွန့်မည် ဖြစ်၏။မိမိ၏အကျင့်ကို မည်သည့်နည်းနှင့်မျှ မစွန့်။အဘယ့်ကြောင့်ဆိုသော် မနက် ကျပ်သိန်းသုံးထောင်ငါးရာ၊ နေ့လည်ကျပ်သိန်းသုံးထောင်ငါးရာ၊
ညနေ ကျပ်သိန်းသုံးထောင်သုံး၍ မြတ်ဘုရားနှင့်တကွရဟန်းသံဃာ
များကိုလှူ၍ရသောကုသိုလ်ထက် နွားနို့တစ်ညှစ်စာ ပွားများအားထုတ်ရသောဝိပသာနာကုသိုလ်ထူးက သာ၍မြတ်၏။ကျပ်သိန်းပေါင်း တစ်သောင်းသည် လူ့ဘုံ
တစ်ဘုံတည်းတွင်သာ သုံး၍ရသောငွေဖြစ်၏။ဝိပသာနာကုသိုလ်ကား သုံးဆယ့်တစ်ဘုံသာမက နိဗ္ဗာန်တိုင်အောင်သုံးနိုင်၏။
ထိုထိုအကြောင်းများကြောင့် မိမိ၌ရှိနေသော ကောင်းသော
အလေ့အကျင့်တစ်ခုကို မည်သည့်စည်းစိမ်ဥစ္စာတို့နှင့် မလဲလှယ်လိုခြင်း ဖြစ်ပါ၏။
အကျင့်ကောင်းတစ်ခုသည် ဘဝတစ်ခုကို တိုးတက်ပြောင်း
လဲနိုင်စွမ်းရှိပါ၏။လူသားတိုင်း အကျင့်ကောင်းများကိုကျင့်
သုံးပြီး တိုးတက်အောင်မြင်သော ဘဝများကိုပိုင်ဆိုင်ရင်း
နောက်ဆုံး၌မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ...။
@@@@@@@@@@@@
ဘဝအတွက်အရေးကြီးသော တတ်သိသမျှ ဘာသာရေးနှင့်ကျန်း
မာရေးစာပေများကို သေရွာသို့ယူမသွားဘဲ ပြည်ရွာတွင်ထားခဲ့ချင်ပါ၏။
သို့အတွက်ကြောင့် ဘာသာရေးနှင့်ကျန်းမာရေးစာပေများကို ဆက်လက်ကြိုးစား
ရေးသားဦးမည် ဖြစ်ပါ၏။စာဖတ်သူအပေါင်း ကျန်းမာ
ချမ်းသာ ဘေးရန်ကင်းကွာကြပါစေ.....။
ဦးတိုးအောင်

Wednesday, May 14, 2014

ဆီးချို ပျောက်တဲ့နည်း

ဆီးချို ပျောက်တဲ့နည်းတဲ့
=============

မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။
Credit to:ဦးစန်းမောင် (မန်း)

နုပျိုပြီး အသားအရေလှချင်သလား ဒါတွေစား

--------------------------------------------------

လောကကြီး၏ သဘာဝတရားအတိုင်း ခန္ဓာကိုယ်ကြီး၏ အိုမင်းရင့်ရော်ခြင်းကို မည်သူမှ မတားဆီးနိုင်သလို မည့်သည့်ဆေးဝါးမှလည်း မတားဆီးနိုင်ပါ။ ဒါက လောကနိယာမတရားတစ်ခုသာဖြစ်ပါတယ်။

သို့သော် မိမိတို့၏ ခန္ဓာကိုယ်သည် ဥတု၊ အာဟာရတို့ဖြင့် ထိန်းထားနေသည့်အတွက် ခန္ဓာကိုယ်ကို နုပျိုနေအောင်၊ ကျန်းမာအောင်၊ အသက်ရှည်အောင် အစားအသောက်တို့ဖြင့် ထိန်းသိမ်းပေးနိုင်ပါသည်။

လူချင်းတူပေမယ့် အရွယ်တင်နုပျိုချင်း မတူညီကြပဲ အမျိုးမျိုးကွဲပြားခြားနေတတ်ကြပါတယ်။ အကြောင်းရင်းအမျိုးမျိုးရှိနေပေမယ့် ထင်ရှားသည့်အကြောင်းပြချက်များကတော့ အရွယ်တင်နုပျိုသူများဟာ လေ့ကျင့်ခန်းလုပ်ခြင်း၊ မူးယစ်ဆေးဝါးရှောင်ကြဉ်ခြင်း၊ ပျော်ရွှင်အောင်နေတတ်ခြင်း၊ အစားအသောက်ကို ဦးနှောက်ဖြင့် ဆင်ခြင်၍ ရွေးချယ်စားသောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

အောက်ဖော်ပြပါ အစားအသောက်များဟာ အရွယ်တင်နုပျိုခြင်းကို အထောက်အပံ့ပေးမည့် အစားအစာများဖြစ်ပါသည်။

၁။ ခရမ်းချဉ်သီး
၂။ ထောပတ်သီး
၃။ ဟင်းနုနယ်ရွက်
၎။ လက်ဖက်၊ လက်ဖက်ရည်၊ လက်ဖက်ခြောက်
၅။ သံလွင်ဆီ
၆။ အစေ့အဆန်များ
၇။ စပျစ်သီး
၈။ ငုံးဥနှင့် ဥအမျိုးမျိုး
၉။ ငါးအမျိုးမျိုးနှင့် ပင်လယ်စာများ
၁၀။ အစိမ်းရင့်ရောင်ပါသော လတ်ဆတ်သော ဟင်းသီးဟင်းရွတ်များ

၁။ ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ လိုင်ကိုပင်း (Lycopene) ဓါတ်ဟာ လူရဲ့ခန္ဓာကိုယ်ထဲက ရောဂါမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းစားခြင်းထက် အပူပေးပြီးစားပါက လိုင်ကိုပင်းဓါတ်ကို ပိုမိုရရှိစေပါတယ်။

၂။ ထောပတ်သီးထဲမှာပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ဟာ သွေးပေါင်ကိုလည်း ကျစေသလို၊ လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် E လည်း များစွာပါဝင်နေပါတယ်။

၃။ ဟင်းနုနယ်ရွတ်ထဲမှာပါဝင်တဲ့ ကာရိုတင်နိုက်လို့ခေါ်တဲ့ ဓါတ်တစ်မျိုးဟာ မျက်စိရောဂါအမျိုးမျိုးတို့ကို ကာကွယ်ပေးပြီး အမြင်အာရုံများကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

၎။ လက်ဖက်ထဲမှာပါဝင်တဲ့ ဓါတ်တိုး၊ ဓါတ်ပေါင်းတွေဟာ အင်ဆူလင်ရဲ့အာနိသင်ကို ၁၅ % ရာခိုင်နှုံး တိုးမြင့်စေပြီး ဆီးချို ၊ နှလုံးတို့ကို ကာကွယ်ပေးပါတယ်။ လက်ဖက်ရည်ဟာ ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့အတွက် ထုတ်လုပ်ထားတဲ့ ဆေးဝါးပေါင်းများစွာမှာ ပါဝင်ထားပါတယ်။ ကင်ဆာအမျိုးမျိုးတို့ကိုလည်း ကာကွယ်ပေးနိုင်သောကြောင့်ဖြစ်ပါတယ်။ အရိုးပါးခြင်းနှင့် အရိုးကျိုးခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။

မှတ်ချက်။ ။ လက်ဖက်ခြောက်ကို ရေနွေးပူပူ ဆူပွက်ထဲမှာ ၃ မိနစ်မှ ၅ မိနစ်ခန့် နှပ်ပေးထားမှသာ အကျိုးအားနိသင်ကို ပေးစွမ်းနိုင်မှာပါ။

၅။ သံလွင်ဆီကို ဟင်းချက်သည့်အခါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးပါတဲ့ဟင်းများနှင့် ပိုမိုလိုက်ဖက်သင့်လျော်ပါတယ်။

၆။ အစေ့အဆန်များမှာ ကယ်လိုရီဓါတ်များစွာ ပါဝင်နေပြီး အဆီဓါတ်၊ အငံဓါတ်၊ ဆားဓါတ်မပါဝင်သည့်အတွက် ဆီးချို၊ သွေးချိုတို့မဖြစ်စေပါဘူး။ အထူးသဖြင့် ဗန်ဒါစေ့များမှာပါဝင်သည့် ဗီတာမင် E ဟာ အိုမင်းရင့်ရော်ခြင်းကို များစွာကာကွယ်ပေးနိုင်ပါတယ်။

၇။ စပျစ်သီးထဲမှာပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ နှလုံးရောဂါများကို လျော့ပါးစေပြီး အသားအရေကို လန်းဆန်းသစ်လွင်စေပါတယ်။

၈။ ငုံးဥတစ်လုံးထဲမှာပါဝင်တဲ့ အာဟာရဓါတ်ဟာ အခြားဥများထက် (၃)တိတိ သာလွန်ပါတယ်။ ဒါ့ကြောင့် ငုံဥကို များများစားပေးပါက အာဟာရပိုမိုပြည့်ဝစေပြီး ခန္ဓာကိုယ်ကို နုပျိုလန်းဆန်းစေပါတယ်။

၉။ ငါးကို များများစားပေးပါက လူ၏ခန္ဓာကိုယ်အတွက် လိုအပ်နေသော အာဟာရတို့ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အထူးသဖြင့် ဆော်လမွန်ငါးဟာ အရွယ်တင်နုပျိုပြီး အသက်ရှည်စေတဲ့ဓါတ် ပိုမိုပြည့်ဝပါတယ်။ ဂျပန်လူမျိုးတို့၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်ထဲမှာ ပင်လယ်စာနှင့် ဆော်လမွန်ငါးတို့လို ငါးအမျိုးမျိုးကို စားသုံးနေရခြင်းလည်း ပါဝင်နေပါတယ်။

၁၀။ အစိမ်းရင့်ရောင်ပါဝင်သော ပန်းဂေါ်ဖီ၊ ပန်းမုံလာ၊ ငရုတ်ပွသီး၊ ဆလပ်ရွက်၊ ကန်စွန်းရွက် စသည့်လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါက မျက်စိအားကောင်းခြင်း၊ ဆံပင်နက်မှောင်သန်မာခြင်း၊ အဆီဓါတ်နှင့် ကိုယ်အလေးချိန်များကို လျှော့ချပေးခြင်း၊ အာဟာရပြည့်ဝခြင်း စသည်တို့ကြောင့် အရွယ်တင်ပြီး နုပျိုခြင်းကို ပိုမိုပေးစွမ်းနိုင်ပါတယ်။

အထက်ကပြောခဲ့သလိုပါပဲ ဒီအစားအသောက်တွေကို စားသုံးပေးပြီးပါကလည်း မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ခြင်း၊ အားကစားများကို လိုက်စားပြီးကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စိတ်ချမ်းသာအောင် နေထိုင်းစသည့်အချက်များကို လိုက်နာကျင့်သုံးနိုင်မှသာ အရွယ်တင်နုပျိုခြင်းကို ဖြစ်စေမည်ဖြစ်ကြောင်း ထပ်မံတင်ပြလိုက်ရပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Ten foods keep you looking young.

credit to : ကျန်းမာရေးသတင်းများ

ကြက်သွန်ဖြူ မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

------------------------------------------------------------------

ကြက်သွန်ဖြူမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို ကျန်းမာရေးသတင်းမှ ဖော်ပြပေးလိုက်ပါတယ်။ 

ကြက်သွန်ဖြူဟာ ဆေးဖက်ဝင် အစားအစာတစ်ခုဖြစ်တာကြောင့် ဟင်းခွက်တော်တော်များများမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဆေးဝါးပေါင်းများစွာကိုလည်း ကြက်သွန်ဖြူက ပါဝင်ထားပါတယ်။

ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူဟာ ကိုယ်ခံအားကောင်းနေသည့်အတွက် အလွယ်တကူ ကူးစက်တတ်သည့် ရောဂါများ မကူးစက်နိုင်ပါ။

အစားအသောက်များစွာထဲမှာ ပါဝင်နေတဲ့ ဓါတုဗေဒအဆိပ်များကိုလည်း ပြေစေပါတယ်။

ကြက်သွန်ဖြူသည် ကင်ဆာဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့၏
ဘေးထွက်ဆိုးကျိုးများကိုသက်သာစေနိုင်ပါသည်။

ကင်ဆာဓာတုကုထုံးများနှင့် ဓါတ်ရောင်ခြည်ကုထုံးများကြောင့် ဖြစ်ပေါ်လာသည့် သွေးဖြူလျှော့ကျသည့် ပြဿနာများကို ကြက်သွန်ဖြူစားသုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ကင်ဆာဝေဒနာရှင်များအနေဖြင့်လည်း ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူအဆီအား အားဖြည့်ဓါတ်စာအဖြစ် စားသုံးပေးပါက သက်သာကောင်းမွန်လာစေနိုင်ပါတယ်။

ကင်ဆာ၊ လေးဖက်နာ၊ ဆီးချို၊ အဆုတ်နာ၊ အအေးမိဖျားနာ စသည့်ရောဂါများကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

သတိပြုရန်။ ။

ကြက်သွန်ဖြူကို အခွံခွါပြီး၊ ခွဲခြမ်းပြီး ၁၀ မိနစ်ခန့် လေသလပ်ထားပြီးမှ စားသုံးပါက ပိုမိုအစွမ်းထက်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Health benefits of garlic

ကျန်းမာရေးသတင်းများ

ကော်ဖီများများသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်

-------------------------------------------------------------------

ကော်ဖီထဲမှာပါဝင်နေတဲ့ ကဖင်းဓါတ်ဟာ လူရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်ကျန်းမာရေးအားနည်းနေသူများ ကော်ဖီကို အလွန်အကျွံမသောက်သင့်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် တစ်နေ့ကို ကဖင်းဓါတ် 300mg ထက်ပိုမိုသောက်သုံးပါက ကလေးကြီးထွားမှုနှုန်းများ ကျဆင်းကာ ကိုယ်ဝန်ပျက်ကျနိုင်ခြေထိ ဖြစ်တတ်ပါတယ်။

သောက်သင့်သည့် ပမာဏထက် ပိုသောက်ပါက ကျန်းမာရေးကောင်းမွန်နေသူများလည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို တစ်ခွက်ထက် ပိုမိုမသောက်သုံးကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားပါတယ်။

ကော်ဖီအမျိုးမျိုးတို့တွင့် မတူညီသော ကဖင်းဓါတ်ပမာဏများကလည်း အမျိုးမျိုးရှိနေတာမို့ သုံးစွဲသူများ၏ ကျန်းမာရေးကို ရှေးရှုသောအားဖြင့် တိကျသော အချက်အလက်တို့ကို ထည့်သွင်းဖော်ထားသင့်ကြောင်း Glasgow တက္ကသိုလ်မှ လူ့အာဟာရဆိုင်ရာဌာနမှူး ပါမောက္ခ Mike Lean ကဆိုခဲ့သည်။

Latte, cappuccino စသည့်ကော်ဖီတို့ထက် Espresso ကော်ဖီတွင်း ကဖင်းဓါတ်ပါဝင်မှုက ပိုမိုမြင့်မားနေကြောင်းကိုလည်း ၄င်းက ထောက်ပြသွားခဲ့ပါတယ်။

ထို့ကြောင့် ကော်ဖီကို နှစ်သက်သူများ အလွန်အကျွံမသောက်သုံးသင့်ကြောင်း တင်ပြလိုက်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Foods and Health

credit to : ကျန်းမာရေးသတင်းများ

မျက်နှာကို ဖြူစင်ဝင်းပလာစေမည့် သဘာဝနည်းလမ်းများ

----------------------------------------------------------------------

နေရောင်ခြည်အောင်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းဖြင့် ညိုမဲလာသော အသားအရေကြောင့် မှဲ့ကင်ဆာနှင့် အရေပြားကင်ဆာကဲ့သို့သောရောဂါများ မဖြစ်ရလေအောင် အောက်ဖော်ပြပါ သဘာဝနည်းလမ်းများဖြင့် အလွယ်တကူ ပျောက်ကင်းစေပြီး အသားအရေကို ပိုမိုဝင်းပလာစေနိုင်ပါတယ်။

၁။ သရက်သီးနှင့် နွားနို့

မွှေထားတဲ့ သရက်သီးအနှစ်ထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့်ထည့်ရောပါ။ ပြီးရင် မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ထားပြီး မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓါတ်တစ်ခုဟာ မျက်နှာအရေပြားပေါ်က အဖုအထစ်လေးတွေကိုစုပ်ယူပြီး နွားနို့က ဆေးကြေားပေးလိုက်တာကြောင့် မျက်နှာကိုချောမွတ်တောက်ပလာစေပြီး အရေပြားကင်ဆာမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သတိပြုရန် = သရက်သီးကို ယင်မွှေထားစဉ် ယင်ကောင်းများ မနားစေရပါ။ ရေရောထားတဲ့ နွားနို့မဖြစ်စေရပါ။

၂။ နွားနို့နှင့် ပျားရည်

နွားနို့စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပါ။ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။

၃။ ပျားရည်နှင့် ထောပတ်သီး

မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည်တစ်ဇွန်းခန့်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်များကို သေချာသန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်နေပါစေ။ ပြီးရင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်မတိုင်ခင် ပြန်ခွါနိုင်ပါတယ်။ မျက်နှာအရေပျားများကို ချောမွတ်စေပါတယ်။

၎။ ကြက်ဥအကာနှင့် ပျားရည်

ကြက်ဥအကာနှင့် ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံးပြုလုပ်ပေးပါ။
၁၅ မိနစ်ခန့်ကြာအောင်ထားပြီး ပြန်ခွါလိုက်ပါ။ မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။

၅။ မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရန်သာမက ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Beauty and Healthy

credit to : ကျန်းမာရေးသတင်းများ

ဆံပင်နက်မှောင်ပြီး သန်မာစေမည့် အစေားအသောက် (၁၀)မျိုး

------------------------------------------------------------------------

ဖော်ပြပါ အစားအသောက်(၁၀)မျိုးကို စားသုံးပေးပါက သင့်ဆံကေသာများကို သန်မာလာစေပြီး နက်မှောင်စေပါမည်။ 

၁။ အခွံမာသီးမျာ
၂။ ဥအမျိုး
၃။ ငှက်ပျောသီး
၎။ ငါးအမျိုးမျိုး
၅။ မုန်လာဥနီ
၆။ ကောက်ပဲသီးနှံအမျိုးမျိုး
၇။ နို့နှင့် နို့ထွက်ပစ္စည်းများ
၈။ ကြက်သား၊ ဘဲသား
၉။ ကန်စွန်းဥ
၁၀။ ပန်းကော်ဖီအစိမ်းရောင်

၎င်းအစားအစာများကို စားသုံးပေးပါက ဆံပင်များကို သန်မာစေနိုင်ပါသည်။

စောနွဲ့ နေဆိုင်(ပူတာအို)
Ref: TECHGLAM(10 Foods For Beautiful Healthy Hair)

ကျန်းမာရေးသတင်းများ

ကျောက်ကပ်မပျက်စီးအောင် ကာကွယ်နည်းများ

--------------------------------------------------------

၁။ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံမသောက်ပါနှင့်။

၂။ မကြာခဏဖြစ်တတ်သည့် ချောင်းဆိုး၊ ရင်ကြပ်၊ ခေါင်းကိုက်၊ ဖျားနာ စသည်တို့ကို အမြစ်ပြတ်အောင် ကုပါ။(ဆေးကုန်အောင်သောက်ပါ)

၃။ အစာကို လုံလောက်စွာ၊ မျှတစွာ စားသောက်ပါ။ အဆာမလွန်ပါစေနှင့်။

၎။ လုံလောက်စွာ အနားယူပါ။

၅။ ရေကို လုံလောက်အောင် သောက်ပါ။ ရေသောက်မနည်းပါစေနှင့်။

၆။ အသားများကို အလွန်အကျွံ မစားသုံးပါနှင့်။

၇။ အငံကို လျှော့စားပါ။

၈။ အရက်သေစာ၊ မူးယစ်ဆေးဝါးတို့ကို အလွန်အကျွံ မသောက်ပါနှင့်။

အထက်ပါ အချက်အလက်တို့ကို လိုက်နာကျင့်သုံးပြီး နေထိုင်ပါက သင့်ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်နိုင်ပါလိမ့်မည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: How to protect Kidney Disease?

ကျန်းမာရေးသတင်းများ

သွေးတိုးရောဂါကို ချက်ချင်းသက်သာစေမည့် သဘာဝဆေးနည်း

------------------------------------------------------------------------

သွေးရောဂါဝေဒနာရှင်များ သွေးတိုးလာပါက ဗန်ဒါရွက်နုနု ၃ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့်  သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။

လွယ်ကူစွာရနိုင်ပြီး ငွေကုန်လည်း သက်သာတဲ့အပြင် သဘာဝဆေးနည်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။

ကျနော့်သူငယ်ချင်းများ၊ အသိမိတ်ဆွေများလည်း ထိုဆေးနည်းအတိုင်း သွေးတိုးရောဂါများ သက်သာသွားကြပါတယ်။

သတိပြုရန်။ ။ အလွန်အကျွံသောက်ပါက ၀မ်းချုပ်တတ်ပါသည်။

သွေးတိုးရောဂါဝေဒနာရှင်များကို ကူညီသောအားဖြင့် Share ပေးနိုင်ကြပါတယ်။

by Mitte Sky

(Messsage မှ ပေးပို့လာသော ဆေးနည်းအား အများသူငှါသိရှိနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါသည်)

စောနွဲ့ နေဆိုင် (ပူတာအို) မှ ပြန်လည်မျှဝေပါသည်။
ကျန်းမာရေးသတင်းများ



နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် လက်ဖက်ရည်ကြမ်းသောက်ပါ

----------------------------------------------------------------------------

ယခုလို ပူပြင်းတဲ့ နွေရာရာသီမှာ အပူဒဏ်ကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ကြမ်းကို များများသောက်ပေးသင့်ပါတယ်။ 

လက်ဖက်ခြောက်ထဲမှာပါဝင်တဲ့ ဓါတ်ပေါင်း၊ ဓါတ်တိုးတစ်မျိုးဟာ လူတွေရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ အင်ဆူလင်ရဲ့အာနိသင်ကို ၁၅%ရာခိုင်နှုံးအထိ တိုးမြင့်ပေးနိုင်တာမို့ ကင်ဆာရောဂါအမျိုးမျို၊နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မိန်းကလေးများအတွက် အသားအရေလှပခြင်းကိုလည်း ဖြစ်စေပါတယ်။

ယခုဆိုလျှင် အာရှနိုင်ငံတော်တော်များ(အထူးသဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောာင်ကောင်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့) မှ ထုတ်လုပ်သော ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများမှာ လက်ဖက်ဟာ များစွာပါဝင်နေပါပြီ။ လက်ဖက်ဟာ လူ့ ကျန်းမာရေးအတွက် ရာခိုင်နှုန်းများစွာ ထောက်ပံ့ပေးနိုင်သည့်အတွက်ကြောင့် ဖြစ်ပါတယ်။

လက်ဖက်ရည်ကို ဘယ်လိုသောက်ရမလဲ ?

လက်ဖက်ခြောက်ကို ရေနွေးဆူဆူပွက်ပွက်ထဲကို ၃ မိနစ်မှ ၅ မိနစ်အထိ နှပ်ထားလိုက်ပါ။ ပြီးလျှင် အပူကြိုက်လျှင် အပူသောက်နိုင်ပါတယ်။ အအေးသောက်လိုလျှင် အအေးခံထားပြီး သောက်နိုင်ပါတယ်။

ဝန်ထမ်းသမားများ၊ ရုံသမားများ၊ အလုပ်သမားများလည်း အအေးခံထားသည့် လက်ဖက်ရည်ကြမ်းကို ဗူးထဲထည့်သွားပြီး တစ်နေ့လုံးသောက်နိုင်ပါတယ်။

လက်ဖက်ရည်ထဲမှာပါဝင်တဲ့ ဓါတ်များးဟာ အပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်အပြင် လူရဲ့ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။

သတိပြုရန်
-----------
၁။ ဆူပွက်တဲ့ ရေနွေးထဲမှာ အနည်းဆုံး ၃ မိနစ်မှ ၅ မိနစ်ခန့် အထိ နှပ်ထားမှသာလျှင် အကျိုးအာနိသင်ရှိမည်။

၂။ ၂၄ နာရီထက်ကျော်လွန်ပြီးသော ရက်ကျော်လက်ဖက်ရည်ကို မသောက်ပါနဲ့ ။ အကျိုးအာနိသင် မရှိတော့သည့်အပြင် ဆိုးကျိုးအချို့ ကိုလည်း ဖြစ်စေနိုင်ပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Re: What are the health benefits of green tea?

credit to : ကျန်းမာရေးသတင်းများ

နွေရာသီမှာ ရင်အေးစေမည့် အစားအသောက်များ

------------------------------------------------------------

ခုလို ပူပြင်းတဲ့ နွေရာသီမှာ လူရဲ့ခန္ဓာကိုယ်အတွင်း အပူချိန်ဟာ ၈၉.၆ ဒီဂရီထက်ကို ကျော်လွန်တတ်သည့်အတွက် ဆေးလောကအခေါ်အရ Heat Stress မြင့်တက်လာပြီး ခေါင်းမူဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း၊
နှုတ်ခမ်းကွဲခြင်း၊ အစာစားချင်စိတ်လျှော့နည်းလာခြင်းတို့ ဖြစ်တတ်ကြပါတယ်။

အပူချိန်မြင့်တက်နေချိန် ယခုလိုကာလမှာ ရေခဲရေများများသောက်ခြင်း၊ ရေနွေးပူပူ၊ ဟင်းပူပူ၊ စွပ်ပြုပူပူသောက်ခြင်း၊ ငရုပ်သီး၊ ငရုပ်ကောင်း၊ ဂျင်း၊ မျှစ်ချဉ်၊ ပတဲကော စသည်တို့ကို စားခြင်း၊ နေပူထဲ အမိုးအကာမပါပဲ သွားလာခြင်း၊ နေပူထဲ ဆော့ကစားခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ရပါမယ်။

ထိုအပူချိန်များ လျှော့ကျသွားအောင် ရေများများသောက်ခြင်း၊ တစ်နေ့ကို ရေပုံမှန် နှစ်ကြိမ်ချိုးပေးခြင်း၊ ရေဓါတ်ပါဝင်မှု မြင့်မားသည့် အစားအသောက်များကို စားသောက်ပေးခြင်းတို့ဖြင့် အပူချိန်များကို လျှော့ချပေးရပါတယ်။

ရေဓါတ်ပါဝင်မှု မြင့်မားပြီး နွေရာသီမှာ စားသောက်သင့်သည့် အစားအစာများကတော့

၁။ သလဲသီး
၂။ သခွါးသီး
၃။ ဖရဲသီး
၎။ အုန်းစိမ်းရေ
၅။ သံပရာသီး
၆။ ဘိန်းစေ့၊ ဘိန်းမုန့် ၊ ဆနွင်းမကင်း
၇။ စမုံစပါး
၈။ နမ်း
၉။ ပူစီနံရွက်
၁၀။ မုန်လာဥဖြူ
၁၁။ နွားနို့ 

စသည်တို့ဖြစ်ပါတယ်။ ၄င်းအစားအသောက်များသည် ခန္ဓာကိုယ်တွင်း အပူချိန်များကို အကာအကွယ်ပေးနိုင်သော အစားအသောက်များဖြစ်ပါသည်။

နွေရာသီမှာ အပူဒဏ်များကို ကာကွယ်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Foods that keep you cool in summer.

credit to : ကျန်းမာရေးသတင်းများ

ရေကို ဘယ်အချိန်သောက်သင့်ပြီး ဘယ်အချိန် မသောက်သင့်သလဲ ?

--------------------------------------------------------------------------

ရေကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲ ?

၁။ အစာမစားခင် နာရီဝက်ခန့် ရေတစ်ခွက် ကြိုသောက်ထားလျှင် အစာကြေညက်မည်။

၂။ ရေမချိုးခင် ရေတစ်ခွက် အရင်သောက်ပေးလျှင် သွေးခုန်နှုန်းမှန်စေမည်။

၃။ ညဖက် တစ်ရေးနိုးလာသည့်အခါ ရေတစ်ခွက်သောက်ပေးလျှင် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းကို ကာကွယ်ပေးစေမည်။

၎။ ညမအိပ်ခင် ရေတစ်ခွက်သောက်ပေးလျှင် နှလုံးရောဂါဖြစ်ခြင်း၊
လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးမည်။

၅။ မနက်အိပ်ယာထချိန် ရေတစ်ခွက်(သို့မဟုတ်) နှစ်ခွက်ခန့် သောက်ပေး ပါက တစ်ညလုံး ငြိမ်သက်နေသည့် ၀မ်းတွင်းမှာ ကလီစာများ၊ အူများကို ပြန်လည်သက်ဝင်လှုပ်ရှားစေပြီး အူသိမ်အူမများထဲမှ အညစ်အကြေးများအားလုံးကို ဆေးကျောသန့်စင်ပေးမည်။

ရေကို ဘယ်အချိန်မှာ မသောက်သင့်သလဲ ?

ထမင်းစားနေစဉ်မှာ ရေအေးကိုမသောက်သင့်ပါ။ ရေခဲရေ၊ ရိုးရိုးရေ နှစ်မျိုးစလုံးပါဝင်ပါသည်။ အကြောင်းမှာ ထမင်းဟင်းထဲမှာပါတဲ့ အပူဓါတ်နဲ့ အနွေးဓါတ်တွေကို ရေအေးက ဖျက်ဆီးနိုင်ပြီး ဟင်းထဲမှာပါတဲ့ အဆီများကို ရွံ့ စေးများအဖြင့်ပြောင်းလဲစေကာ ခဲစေပြီး အူကင်ဆာများကို ဖြစ်စေနိုင်လို့ပါပဲ။

ထမင်းစားနေစဉ် အစာအိမ်ထဲက အက်ဆစ်ထွက်ရှိမှုကို ရေအေးသောက်လိုက်သည့်အတွက် အပူအအေးဓါတ်ကို မမျှတမှုဖြစ်စေပြီး အစာကိုခဲပျစ်စေပါတယ်။

ထို့ ကြောင့် ထမင်းစားနေစဉ်မှာ ရေအေးကို မသောက်ပဲ ရေနွေးကြမ်း၊ ရေနွေးဖြူ ၊ ဟင်းချိုပူပူနွေးနွေးများကိုသာ သောက်သုံးကြဖို့ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးသတင်းများက မကြာခဏ တိုက်တွန်း ဖော်ပြလေ့ရှိပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: When is the best time to drink water

Credit to : ကျန်းမာရေးသတင်းများ

သံပရာရည်၏ အကျိုးကျေးဇူးများ

---------------------------------------

လူတို့၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ပတို့မှ ဗတ်တီးရီးယားပိုးမွှားများကို သံပရာသီးထဲမှ antibacterial ဓါတ်က သုတ်သင်ပေးနိုင်ပါတယ်။ ကူးစက်မှု ဗိုင်းရပ်များကိုလည်း သံပရာသီးထဲမှာပါဝင်တဲ့ antiviral ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။

ထို့ကြောင့် သံပရာသီးဟာ လူသားတို့၏ ကျန်းမာရေးအာနိသင်များကို ပေးစွမ်းနိုင်သည့် ဆေးတစ်မျိုးဖြစ်နေပါတယ်။

သံပရာရည်ကို သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ-

၁။ ခံတွင်းကောင်းစေခြင်း
၂။ အရေပြားသန့်ရှင်းစေခြင်း
၃။ အစာကြေစေခြင်း
၎။ ကိုယ်တွင်း သန့်ရှင်းစေခြင်း
၅။ ကိုယ်ခံအားကောင်းစေခြင်း
၆။ စိတ်ခံစားမှု ကောင်းမွန်စေခြင်း
၇။ ကိုယ်အလေးချိန် လျော့ကျစေခြင်း
၈။ သွေးတိုးကျစေခြင်း
၉။ အဆစ်မြစ်နာ၊ လေးဘက်နာတို့ကို သက်သာစေခြင်း
၁၀။ အထွေထွေရောဂါ (ချွဲ၊ သလိပ်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ခေါင်းကိုက်) တို့ကို သက်သာစေခြင်း

စသည့်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Health Benefits Of Drinking Lemon Juice

Credit to : ကျန်းမာရေးသတင်းများ

ကီဝီသီး(Kiwi) စားပေးပါက အရွယ်တင်နုပျိုစေနိုင်

-------------------------------------------------------------

ကီဝီသီးထဲတွင် ပါဝင်သော vitamin C (anti-oxidant) ဓါတ်သည် ကိုယ်ခံအားကို ကောင်းမွန်စေ၍ အရွယ်တင်နုပျိုစေပါသည်။ 

ကီဝီသီးထဲတွင် ပါဝင်သော Fibre ဓါတ်သည် ၀မ်းကိုလည်း မှန်စေသလို ကိုလက်စထရောကိုလည်း ကျစေပါသည်။ ကယ်လိုရီဓါတ်အလွန်နည်းသည့်အတွက် ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါသည်။

ကီဝီသီးထဲမှ Potassium ဓါတ်သည် နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်းနှင့် သွေးပေါင်တက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။

ထို့ကြောင့် ကီဝီသီးကို များများစားပေးလျှင် ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပေးနိုင်သလို လူကိုလည်း အရွယ်တင်နုပျိုစေပါသည်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Health Benefits of Kiwi Fruit

ကျန်းမာရေးသတင်းများ

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး

-----------------------------------------------------------------------------

ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။

လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို ပြုလုပ်ပေးနိုင်ကြပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။

၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။

၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။

၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။

၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက် လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံမက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Sore Throat: Medline Plus

ကျန်းမာရေးသတင်းများ

အအေးမိခြင်းကို အလွယ်တကူပျောက်စေမည့် သဘာဝကုထုံးများ

-------------------------------------------------------------------------

ရေအကြာကြီးချိုးခြင်းကြောင့် ဖြစ်စေ၊ လေစိမ်းအတိုက်ခံရ၍ ဖြစ်စေ၊ လေပန်ကာကြောင့် ဖြစ်စေ၊ မိုးရေကြောင့် ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အအေးမိပြီး နေမကောင်းဖြစ်လျှင် ဆေးရုံဆေးခန်းသွားစရာမလိုပဲ နေအိမ်အတွင်း အလွယ်တကူ ပျောက်ကင်းသက်သာစေမည့် သဘာဝကုထုံးများကို တင်ပြလိုက်ပါတယ်။

၁။ ဂျင်းပြုရည်ထဲကို ပျားရည်အနည်းငယ် ရောစပ်၍ မအိပ်ခင် သောက်ပေးပါ။
ပူပူနွေးနွေးသောက်ပေးပါက ပိုကောင်းပါသည်။

၂။ နနွင်းအနည်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့် ကို နွားနို့ ပူပူဖြင့် အတူသောက်ပေးပါ။ မအိပ်ခင်အချိန်လေးမှာ သောက်ပေးပါ။

၃။ ကြက်သွန်နီကိုထောင်း၍ အရည်ညစ်ယူပါ။ လက်ဖက်ရည်တစ်ဇွန်းခန့် ရလျှင် သောက်ပေးပြီးမှ အစာစားပါ။ ခန္ဓာကိုယ်ထဲ အနွေးဓါတ်ကို တိုးစေပြီး ချွဲသလိပ်ကိုလည်း ကြေစေပါသည်။

၎။ ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) ပူပူနွေးနွေးထဲကို ပျားရည်အနည်းငယ် ထည့်၍ သောက်ပေးပါ။

၅။ ရေအေး(ရေစိမ်း)ကို မသောက်ပဲ ရေကျက်အေးကိုသာ သောက်ပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွတ်များ၏ စွပ်ပြုရည် ပူပူကိုသောက်ပေးပါ။ အရည်ကို များများသောက်ပေးလျှင် ဆီးများများသွားပြီး ခန္ဓာကိုယ်ထဲရှိ အပူများ ဆင်းသွားပြီး သက်သာပျောက်ကင်းသွားလိမ့်မည်။

ရိုးရိုးအအေးမိတာ မဟုတ်ပဲ လေထဲကူးစက်တတ်သည့် ဗိုင်းရပ်အမျိုးမျိုးကြောင့် ဖျားနာလျှင် ဆေးခန်းကို သွားပြလိုက်တာ အကောင်းဆုံးဖြစ်ပါသည်။

လူတိုင်း ရောဂါကင်းဝေးပြီး ကျန်းမာသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: How to Cure the Common Cold Naturally.

ကျန်းမာရေးသတင်းများ

ကျောက်ကပ် အတွက်ဆေး

့

ဖိုးလရောင် သူငယ်ချင်းများ အားလုံး
share ပေး ကြဖို့  မေတ္တာရပ်ခံ ချင်ပါတယ် ။

လရောင်ရဲ့ ဖခင်ဟာ
ကျောက်ကပ်ပျက်စီးသွားသောကြောင့် ကျောက်ကပ်တု သွေးသန့် စင်ခန်း မှာ သုံးရက်လျင်
တစ်ကြိမ် ၅၀၀၀၀ ခန့်  ကုန်ကျ နေ
ပါ တယ် ။

လေး ရက်မြောက် ဆေးမဲ့ နေ့  ညမှာ လုံးဝ အိပ်စက်ဖို့  အဆင်
မပြေ ဖြစ်လာရှာ ပါတယ် အရမ်းအမော
လာပါတယ် ။

ယ္ခု အခါ (ကုန်းကတက် ) ပင် ရဲ့
အခေါက်ကို သွေး ပြီး သံပုရာသီး
အစစ်နဲ့ တစ်နေ့  တစ်ကြိမ်
သောက်သုံး လာခဲ့ ရာ
ခြောက်ရက်လျင် တစ်ကြိမ်သာ
ကျောက်ကပ်ဆေး ခြင်း ပြုလုပ် နေရပြီး ညစဉ်တိုင်းမှာလည်း လုံးဝ မမော
တော့ပါ ။

အခြားအမော ရောဂါသည်
များလည်း သိသာစွာ သက်သာ လာပါတယ် ။ မန္တလေးတိုင်း အတွင်းမှာပင်
ကျောက်ကပ် ပျက်စီးသူ
၁၀၀၀ ခန့် ရှိနိုင် ပြီး
တစ်နိုင်ငံလုံး အတိုင်းတာဖြင့်
ဆိုလျင် များစွာ ရှိနေပါလိမ့် မယ် ။

ထိုရောဂါ စွဲကပ်လာပါက မည်သူုမဆို
တစ်လ လေးသိန်း ငါးသိန်းခန့် 
ကုန်ကျပါမှ အသက်ရှင် နေထိုင်ခွင့်
ရသလို မိသားစု လိုက် ဆင်းရဲမွဲတေ
စေတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ် ။

သို့ ပါ သောကြောင့် ထိုဆေးနည်း ဖြင့်
ဖြစ်ပြီးသား ဝေဒနာ ရှင်များ သက်သာ
ပါစေကြောင်း နှင့် ဖြစ်ခါစ ဝေဒနာ ရှင်များ ပျောက် ကင်း ပါစေကြောင်း

စေတနာ စစ်စစ်ဖြင့် ဖော်ပြ ပေး လိုက်ပါတယ် ။

အသေးစိတ်သိလို သူများ
မက်ဆေ့ ဖြင့် မေးမြန်း နိုင်ပါတယ် ။

Credit to : ဖိုးလရောင်





သွေးကင်ဆာပျောက်စေသော ဆေးနည်း

--------------------------------------------
ပုံပြပါအတိုင်း မီးကွင်းဂမုန်း
အရွက်၉ရွက်ခန့်ပါသော
ပင်စည်ပါမီးကွင်းဂမုံးတစ်ပင်အား
တူးနှုတ်လိုက်ပါ။

ရေစင်အောင်ဆေးပြီး
သန့်ရှင်းသောဆုံထဲ၌ထည့်၍
ကြေညက်စွာထောင်းပါ။
သန့်ရှင်းသောလက်ဖြင့်
ထောင်းပြီးသားတွေကို
အဝကျယ်ကြေးဇွန်းကြီးထဲညှစ်ချလိုက်ပါ။

ပြီးလျင် မီးသွေးမီးဖို မီးခဲရဲရဲပေါ်
ဆေးရည်ပါသော ကြေးဇွန်းကြီးကိုတင်၍
ဆူပွက်လာအောင်အပူပေးလိုက်ပါ။

ထိုနောက် အအေးခံပြီး
ဆေးတော်ကြီးကို
မိမိ၏သီလတရားအားသစ္စာတိုင်တည်ပြီးမှ
ယုံကြည်စွာသောက်လိုက်ပါ။
ကတိသစ္စာတည်သောအခါ
နွယ်မြစ် သစ်ပင်ဆေးဖက်ဝင်၏။

တနေ့ကို မနက် အစာစားပြီး ၂နာရီ
ညစာစားပြီး ၂နာရီ မှာ
ဤဆေးတော်ကြီးအား ၂ ကြိမ်သောက်ပါ။
၂ ပတ်ပြည့်လျင် သွေးသွင်းဖိုလုံးဝမလိုတော့ပါဘူး။
သွေးကင်ဆာဆဲများလည်း သိသာစွာလျော့နည်းသွားမည်။

နှာခေါင်းသွေလျှံတတ်သူများ
အရည်မညှစ်ခင်ထောင်းထားသောဆေးကို
နှာခေါင်းရိုးပေါ်အုံပေးခြင်းဖြင့်
သွေးယိုခြင်းကိုပျောက်ကင်းစေပါသည်။
၂၃ ရက်တိတိမပျက်မကွက်သောက်ရမည်။

ရောဂါပျောက်မှ ကျေးဇူးတင်ပါ ။
သင်၏သီလသစ္စာတရားကိုယုံကြည်မှ
ဤဆေးကိုသောက်ပါ။
လူတိုင်းသက်တမ်းစေ့နေထိုင်နိုင်ကြပါစေဗျာ။

အားလုံးကိုလေးစားလျှက်

ကိုမျိုးမြင့်ဦး ( မတဆ)



အစာအိမ် အောင့်ပြီးနာလာလျှင် ဒါတွေ သတိထား

----------------------------------------------------------

၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။ 

၂။ အရက်သောက်ပါက ခေတ္တရပ်ထားပါ။ ကဖိန်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့သောက်ပါ။ ၄င်းတို့သည် အက်စစ်ဓါတ်ကို ပိုမိုမြင့်တက်စေပြီး အစာအိမ်ကို ပို၍ နာကျင်စေပါသည်။

၃။ အစာကို တစ်ထိုင်တည်း အ၀မစားပဲ အဆာပြေရုံသာ စားပါ။ တစ်နေ့ကို ၅ကြိမ်၊ ၆ ကြိမ်ခန့် စားပေးပါ။ အချိန်ယူ၍ အစာကြေအောင် အေးဆေးစွာ စားပါ။

၎။ စိတ်ပူစရာ၊ ပူပန်စရာ သောကများကို လျှော့ချပါ။ စိတ်ဖိစီးမှုများလျှင် အစာအိမ်နှင့် ဆက်စပ်နေသောကြောင့် စိတ်ဖိစည်းမှုနည်းအောင် နေပါ။

၅။ နို့ထွက်ပစ္စည်းများ၊ ချောကလက်များ၊ အသားငါးတို့၏ အဆီများ၊ အကြော်များ စတဲ့ အဆီပါသော အစားအစာများကို လျှော့စားပါ။

၆။ အစာစားပြီးချိန်၊ ညဖက်အနားယူ အိပ်စက်ချိန်တို့မှာ အစာအိမ်နာလာပါက အန္တရာယ်ကြီးနိုင်သည့်အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Care for Stomachache

Credit to :
ကျန်းမာရေးသတင်းများ

အိပ်မပျော်ဘူးလား ဒါတွေစား

-------------------------------------

အိပ်မပျော်သူများဟာ မက်ဂနီစီယမ်ဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်မပျော်သူများဟာ ရေရှည်မှာ စိတ်ဖိစီးမှုဖြစ်လွယ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းနှင့် ဦးနှောက်မှတ်ညာဏ်လျှော့ပါးခြင်း တို့ကို ဖြစ်ပွါးစေနိုင်ပါတယ်။

ထို့ကြောင့် ကောင်းစွာအိပ်ပျော်စေရန် အောက်ပါ ဓါတ် ၃ မျိုးကို ဖြည့်တင်ပေးနိုင်မည့် အစားအစာတို့ကို စားသုံးပေးနိုင်ပါတယ်။

၁။ နွားနို့ ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ငါး၊ ငါးကြီးဆီ စသညတို့မှာ ဗီတာမင် D ကြွယ်ဝသည့်အတွက် ၄င်းတို့ကို စားပေးပါက နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။

၂။ ငှက်ပျောသီး၊ အာလူး၊ ပဲအမျိုးမျိုးတို့ကို စားပေးပါ။ ၄င်းတို့မှာ Potassium (ပိုတက်စီယမ်) ဓါတ်ပြည့်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

၃။ အစိမ်းရင့်ရောင်ပါသော သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ ဖရုံစေ့များ၊ နှမ်းဆီများ၊ ပဲအမျိုးမျိုး စသည်တို့ကို စားပေးပါ။ ၄င်းတို့မှာ Magnesium (မက်ဂနီစီယမ်) ဓါတ် ကြွယ်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Eat right, sleep tight.

ကျန်းမာရေးသတင်းများ

နှလုံးကျန်းမာရေးကို အထောက်အကူပေးသော ထောပတ်သီး

---------------------------------------------------------------------

ထောပတ်သီးသည် နှလုံးကျန်းမာရေးကို အထောက်အကူပေးပြီး သက်လုံကောင်းမွန်စေသည့်အတွက် အားကစားသမားများ အစားသင့်ဆုံး အသီးဖြစ်ပါသည်။ 

ထောပတ်သီးတွင် ပါဝင်သည့် ဗီတာမင် B, ဗီတာမင် E တို့သည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးပါသည်။

ထောပတ်သီးတွင် ပါဝင်သော ကိုလင်း (Cho line) ဓါတ်သည် လူ၏ ဦးနှောက်ကိုလည်း များစွာအထောက်အပံ့ပေးနိုင်ပါသည်။

ကိုလက်စထရော (LDL ) နည်းပါးသည့်အတွက် ဆိုးကျိုးများကို လုံးဝမဖြစ်စေပဲ အကျိုးပြု ကိုလက်စထရော (HDL) ကိုသာ ပေးစွမ်းပါသည်။

သွေးကြောရောင်ရမ်းမှုဒဏ်ရာများနှင့် သွေးကြောကျဉ်းရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့် phenolic ဒြပ်ပေါင်းများ ထောပတ်သီးတွင်ပါဝင်နေပါသည်။

ထောပတ်သီးကို ဖျော်ရည်လုပ်ပြီး သောက်နိုင်သလို ဟင်းသီးဟင်းရွက်များနှင့် ရောစပ်၍ စားသောက်လျှင် ဟင်းသီးဟင်းရွက်များက ပေးစွမ်းသည့် အာဟာရများ အပြည့်အဝ ရရှိစေနိုင်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Avocado for Health

ကျန်းမာရေးသတင်းများ

ငှက်ပျောသီးမှ ပေးစွမ်းနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

-----------------------------------------------------------------------

ငှက်ပျောသီးကို စားသုံးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေပါသည်။ 

၁။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ဟာ အာဟာရကို ပြည့်ဝစေနိုင်သည့်အပြင် အမျိုးသားဟော်မုန်းဓါတ်ကိုပါ ပိုမိုပြည့်ဝစေသည့်အတွက် လိင်ကိစ္စအတွက် အထူးကောင်းမွန်စေပါသည်။

၂။ အမျိုးသမီးများအတွက်လည်း ငှက်ပျောသီးဟာ များစွာ အထောက်အကူပြုပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ရေဓါတ်တွေကြောင့် အသားအရည်ကို ပိုမိုနူးညံ့ချောမွေ့ စေပြီး တောက်ပစေပါသည်။

၃။ အိပ်မပျော်သူများ ငှက်ပျောသီးကို စားပေးပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ tryptophan ဓါတ်ဟာ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ကောင်းစွာအထောက်အကူပေးနိုင်သည့်အတွက် နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါသည်။

၎။ ငှက်ပျောသီးမှာ ပါဝင်သည့် ကယ်လိုရီဓါတ်ဟာ ပင်ပန်းမှုများကို လျှင်မြန်စွာ ပြေပျောက်စေပြီး ခွန်အားကို ပြန်လည်ပြည့်ဝစေပါသည်။

၅။ ငှက်ပျောသီးမှာ ပါဝင်သည့် ပိုတက်စီယမ်ဓါတ်ဟာ ခန္ဓာကိုယ်မှ ရေဓါတ်ကို ထိန်းညှိပေးနိုင်သည့်အတွက် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်သည်။

၆။ ငှက်ပျောသီးမှာ ပါဝင်သည့် မဂ္ဂနီစီယမ်ဓါတ်နှင့် ပိုတက်စီယမ်ဓါတ်ဟာ ခန္ဓာကိုယ်မှ ကြွက်သားများနှင့် ခြေသလုံးကြွက်သားများကိုလည်း ပိုမို သန်မာစေပါသည်။

၇။ ၀မ်းချုပ်သူများ ငှက်ပျောသီးကို စားပေးပါက ၀မ်းကို မှန်စေပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Banana fruit nutrition facts and health benefits.

ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေးများ☆

========================================

✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏
အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။
ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊
bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာ အထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး
လုခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့
Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ်ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့်နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။

✿ အီကြာကွေး၏ အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
အီကြာကွေးထဲမှာ များသောအားဖြင့် ကျောက်ချဉ်ထည့်ထားပါတယ် ။
အလှုမီနီယမ်ဒြပ် aluminum ပါတာမို့လုခန္ဓာကိုယ်ကစုပ်ယုပြီးနောက်
ဦးနှောက်ဆဲလ်များထုတ်လုပ်မှုကိုထိခိုက်စေတယ် ။အလှုမီနီယမ်ဒြပ်ကခန္ဓာကိုယ်ပြင်ပသို့ထုတ်ပစ်ဖို့မလွယ်ကူတာမို့ကိုယ်ခန္ဓာထဲမှာစုစည်းကျန်ရစ်နေတတ်ပါတယ် ။ ကြာလာတော့ခန္ဓာကိုယ်ကိုထိခိုက်နိင်ပါတယ် ။ မှတ်ဥာဏ်မကောင်းတော့ခြင်း ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တို စိတ်ဒေါသထွက်ခြင်း ၊ပိုဆိုးပါက အကြိုဇရာအိုရောဂါကိုဖြစ်စေတယ် ။

✬အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
ပဲနို့ရည်တွင် များပြားသော Lecithin ဒြပ်ပါတာမို့မှတ်ဥာဏ်ကောင်းစေပါတယ် ။
ကယ်လဆီယမ်ဒြပ်Calcium လည်းပါဝင်တာမို့ အရိုးအတွက်အထောက်အကုပြုနိင်ပါတယ် ။

✿ ချဉ်ဖတ် ၏ Sauerkraut အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။ ချဉ်ဖတ်ကို လုတိုင်းကြိုက်နှစ်သက်ကြပါတယ် ။ ဆားစိမ်ထားတာမို့ဗီတာမင်စီ မရှိတော့ပါ ။ချဉ်ဖတ်ထဲတွင် အောက်စီလစ်အက်စစ် oxalic acid နှင့်ကယ်လဆီယမ်ဒြပ် ပါတာမို့အု ကအလွယ်တကူစုပ်ယူပြီး ကျောက်ကပ်က ပြင်ပသို့ထုတ်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ် ။ အချဉ်သိပ်ထားသောအစားအစာများတွင်နိုက်ထရိတ် Nitriteများပါဝင်ပြီးခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ ကင်ဆာရောဂါကိုဖြစ်စေသော နိုက်ထရိုစမင်း nitrosamine အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။
များပြားသောဗီတာမင်များ ပါဝင်သောသစ်သီးများကိုစားခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်စေသောနိုက်ထရိုစမင်းဒြပ်ကို ပျက်ပြားစေပါတယ် ။ အစာအိမ်ကင်ဆာနှင့် အစာအိမ်ပြွန်လမ်းကြောင်းကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ် ။ ကီဝီသီးတွင်ဗီတာမင်စီအများဆုံးပါဝင်တာမို့ ကီဝီသီး တစ်လုံးက
လုတစ်ယောက်စာ တစ်နေ့လိုအပ်တဲ့ဗီတာမင်စီ နဲ့ညီမျှပါတယ် ။

✿ Hot pot ပောာ့ပေါ့ ရဲ့အဆိပ်ဖြေဆေး က ကျွဲကောသီးဖြစ်ပါတယ် ။
အလွယ်တကု အပုကြီးသူများအတွက် (သို့) ခံတွင်း၌ အပုဖုပေါက် သူများအတွက် အဖြေအနေပိုဆိုး သွားတတ်ပါတယ် ။ မကြခဏ ကောင်းသွားလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ် ။
အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာကို တိုက်တွန်းနိင်ပါတယ် ။ ပောာ့ပေါ့က အပုကြီးတတ်တဲ့အပြင် ဂေါက်နာရောဂါ ကိုပါ ဖြစ်စေနိင်ပါတယ် ။

*** ဆားဓာတ်အများဆုံးပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေများများသောက်ပါ ။ ကျောက်ကပ်အတွက် တာဝန်ပိုသွားတတ်ပါတယ် ။

✬အဆိပ်ဖြေဆေး က (ရှောက်ခါးသီး)ကျွဲကောသီးဖြစ်ပါတယ် ။
အဆီအစိမ့် အစပ် (မာလာပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက်
ကျွဲကောသီးကိုစားခြင်းဖြင့် အပုကျ ၊ အဆီအစိမ့်အစပ်တွေကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက်အထောက်အကူပြုပါတယ် ။

✿ အသားကင်များရဲ့အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။ တုတ်ထိုးအသားကင်အစရှိသော ကင်စားသောအစားအစာအမျိုးမျိုး ကို မီးသွေး (မီးကင် )လိုက်တဲ့အခါ
ပါဝင်တဲ့ Benzopyrene က ခန္ဓာကိုယ်ရောက်တဲ့အခါ အစာအိမ်ကင်ဆာကိုဖြစ်စေနိင်ပါတယ် ။

✬အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။
အသားကင်များကိုသုံးဆောင်ပြီးနောက်ကဇွန်းဥဖုတ်(သို့)စိမ်းစားဥ
ထဲတွင် သစ်စေးဓာတ် cellulose အများဆုံးပါဝင်တာမို့အသားကင်ထဲတွင်ပါဝင်သောဘေးအန္တရာယ်ကို
ဖြစ်စေတဲ့ အဆိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ဖယ်ထုတ်နိင်စွမ်းရှိပါတယ် ။
အသားကင်ထဲမှ များပြားသောအဆီဓာတ်များကို ခန္ဓာကိုယ်က မစုပ်ယုနိင်အောင် ပာန့်တားနိင်စွမ်းရှိပါတယ် ။

✿ ဆေးဘဲဥရဲ့ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥကို လုတိုင်းကြိုက်နှစ်သက်မှာပါ ။ တရုတ် ၊ ထိုင်း .ယုနန်လုမျိုး များက အမျိုးမျိုး ချက်စားကြပါတယ် ။(ဆေးဘဲဥကြော် ၊ဆေးဘဲဥသုပ်) ဆေးဘဲဥလုပ်ရာတွင် အနည်းနှင့်အများ ခဲဓာတ် lead ပါပါတယ် ။ ခဲဓာတ်များများစားမိလျှင် အသိဥာဏ်လျှော့နည်းလာခြင်း၊ အာရုံကြော ကိုထိခိုက်နိင်ခြင်း ၊ နားမကြားခြင်း ၊ သင်ယုနိင်စွမ်း (အသိဥာဏ်) လျှော့နည်းလာ နိင်ပါတယ် ။

✬ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥ နဲ့ပဲပြားက လိုက်ဖက်ညီတဲ့ အစားအစာဖြစ်ပါတယ် ။
ပဲအမျိုးမျိုးတွင်ပါဝင်သောသစ်စေးက အစားအစားထဲတွင်ပါဝင်သောခဲဓာတ် က အစာအိမ်ကစုပ်မယုသွားနိင်င်အောင်ပာန့်တားနိင်ပါတယ် ။ ကယ်လဆီယမ်ဓာတ်ပါဝင်တာမို့လည်း ခဲဓာတ်ကိုတားဆီးနိင်ပါတယ် ။
တို့ပာူးက လုခန္ဓာကိုယ်ထဲမှာရောက်သွားတဲ့ခဲဓာတ်ကိုပျက်ပြားစေပြီး
ခန္ဓာကိုယ်သွေးကြောထဲမှ သတ္တူ ဓာတ်စုစည်းခြင်းကိုလျှော့နည်းနိင်စွမ်းရှိပါတယ် ။။။။။။။။။။။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........
နေ့စဉ်စားသုံးနေတဲ့အစားအစာတိုင်းက စားတတ်ရင် ဘေးအန္တရာယ် မဖြစ်နိင်ပဘုး ။ ချိန်ဆနိင်ရင်တော့အကောင်းဆုံးပါ ။
အများစု ကြိုက်နှစ်သက်သောပာင်းတွေဖြစ်တာမို့ သူငယ်ချင်းများကိုမျှဝေပေးလိုက်ပါတယ် ။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေ

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

~~~ Jin Li Chao ღ(✿‿✿)ღ

ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း

-----------------------------------------------------------

မိတ်ဆွေတစ်ဦးမှ ပေးပို့လာတဲ့ ဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ အများသိအောင် ပြန်လည်မျှဝေပေး လိုက်ပါတယ်။ 

ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ့ ပျောက်ကင်းခဲ့ပါတယ်။

သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို့ ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားလို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဆေးနည်းကတော့-

၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။

၂။ ကြက်ဥကို အလုံးလိုက် ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်)

၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

၎။ ၄င်းသင်္ဘောသီးကို မီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။

၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ သင်္ဘောသီးကိုတော့ လွင့်ပစ်ပါ။

တစ်ပတ်ကို (၁)ကြိမ်နဲ့ (၃)ပတ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံး ဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)

ကျန်းမာရေးသတင်းများ

ထက်ခြမ်းခွဲထားသော ကြက်သွန်နီ

သတိ! အန္တရာယ်ရှိသည်
------------------------------

ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။ 

ခွဲခြမ်းထားပြီး အကြာကြီးပစ်ထားတဲ့ ၄င်းကြက်သွန်နီကို စားသုံးမိပါက ဘတ်တီးရီးယားပိုးမွှားများ ပါရှိလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ထို့အပြင် ကြက်သွန်နီဟာ အနံ့ဆိုးများအားလုံးကို စုပ်ယူထားနိုင်သည့် အစွမ်းရှိသည့်အတွက် ခွဲထား၊ စိပ်ထားပြီး ရက်ကျော်သွားလျှင် ပျော့အိနေလျှင် သို့မဟုတ် ပုတ်နံ့ ရနေလျှင် လုံးဝမစားသင့်ကြောင်းပါ။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
Photo = Google search

ကျန်းမာရေးသတင်းများ

ဆေးလိပ် ဖြတ်သင့်သော ထိပ်တန်း အကြောင်းပြချက်(၈)မျိုး

==================================

၁။ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင် ပါတယ်။

၂။ ဆေးလိပ် သောက်တာကြောင့် ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွား ပါတယ်။

၃။ဆေးလိပ် သောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေး ပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန် မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်း တွေလည်း ညံ့ဖျင်း တတ်ပါတယ်။

၎။ သင် ဆေးလိပ် သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေရောဂါ ရတတ်ပါတယ်။

၅။ ဆေးလိပ်တစ်လိပ်ကို ၁၀၀ ကျပ်ပေးရပါတယ်။ တစ်နေ့ကို ၁၀ လိပ် သောက်မယ်ဆိုရင် တစ်နှစ်စာအတွက် ၃၆၅၀၀၀ ကျပ် အပိုငွေကုန်ပါတယ်။

၆။အရွယ်မတိုင်ခင် အိုစာတာတွေ မဖြစ်ရလေအောင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်တာကြောင့် collagen ထုတ်လုပ်မှု ၄၀% ကျဆင်းသွားပြီး အရွယ်မတိုင်ခင် အရေး အကြောင်းတွေ ပေါ်တတ်ပါတယ်။

၇။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာ အာရုံတွေ ပိုကောင်း သွားပါတယ်။

၈။ ဆေးလိပ်စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာပါတယ်။

Health Update Journal
Credit to အခမဲ့ ကြော်ငြာ

ကျောက်ကပ်ရောဂါခံစားနေရသော

ကျောက်ကပ်ရောဂါခံစားနေရသော မိတ်ဆွေများလက်ထဲရောက်အောင် မျှဝေပေးကြပါ
===================================

ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေး ကုန်ကျ မှု များပြားသော ရောဂါ တစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသော သူပင် ဒေ၀ါလီ ခံရသော ရောဂါပါ ။

ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက် အတန့် တခုသာ ထိန်းထား နိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှ သာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။

ထို့ကြောင့် ကျောက်ကပ် ဝေဒနာ သည်များ အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစား နေရသူများ သက်သာပြီး ကျောက်ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါး လာစေရ ပါမည်ဟု လုံးဝအာမခံပါသည်။

ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်းဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ် သက်သာ အကုန် အကျနည်း၍ လုံးဝ အထင် မသေးပါနှင့်။

ကမ္ဘာပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်း ဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူ သောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှ ဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။

ယခုတင်ပြသော ဆေးနည်းမှာ
ကျွန်တော်တို့ မိသားစု ဘိုးစဉ် ဘောင်ဆက် သုံးစွဲခဲ့သော နည်းပါ။

၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ် သောက်ပေးပါ။ ( အသား၊ ငါး မရော ပါနှင့်၊ ရောဂါမရှိသေး သူများ သောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျား များ အတွက် ယောက်ျား ပီသစေပါသည်)

၂။ တရုတ် နံနံပင် ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက် ခပ်၍ ရေနွေး သောက်သလို သောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့် ဝေးပါစေ။ သွေးတိုးပါ ကျစေသဖြင့် မျက်လုံး ကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါ သည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံ သီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာ လာပါမည်။

၎။ ရေပူစမ်းနှင့် နီးပါက တပါတ်တစ်ကြိမ် ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလ အနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။

ပျောက်ကင်း သက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန်အထိတော့ လာရောက် ကျေးဇူး တင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာ တွေ့ရသဖြင့် အများ အသုံးချနိုင်စေရန် အင်တာနက် စာမျက်နှာပေါ် တင်လိုက်ရပါသည်။

Credit to ဗဟုသုတ မှတ်စုများ

သက်သတ်လွတ်သမားများ သိထားရမည့် အချက် (၄)ချက်

-----------------------------------------------------------------

သက်သတ်လွတ်စားသူအနေဖြင့် အောက်ပါအချက်(၄)ချက်ကို လျှော့နည်းကြပါတယ်။

၁။ ပရိုတင်းဓါတ်လျှော့နည်းခြင်း
၂။ ဗိုက်တာမင်ချို့တဲ့ခြင်း
၃။ ကယ်လိုရီလျှော့နည်းခြင်း
၎။ သတ္ထုဓါတ်များအားနည်းခြင်း

၁။ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန်

အသားမစားလို့ လျှော့နည်းနေတဲ့ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန် တိုဟူး၊ ပဲမျိုးစုံနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွတ်တို့ကို စားသုံးပေးပါက ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာသည့်အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ပဲကို ၂မျိုး ၃မျိုးသာ မဟုတ်ပဲ ပဲမျိုးစုံစားပေးဖို့ လိုအပ်ပါတယ်။

၂။ ဗိုက်တာမင်ဓါတ် ပြန်လည်ပြည့်ဝလာစေရန်

သွေးနီဆဲလ်များ ဖွဲ့စည်းရန်၊ နဗ်ဆဲများဖွဲ့စည်းရန်၊ DNA တည်ဆောက်ရန် ခန္ဓာကိုယ်အတွင်း ဗိုက်တာမင်ဓါတ် ရှိဖို့လိုအပ်ပါသည်။ အသားဓါတ်တွင်ပါဝင်သော ဗီတာမင် B12 ကို သက်သတ်လွတ်သမားများ ချို့တဲ့နေသည့်အတွက် စိတ်ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ အနံ့ခံအာရုံပျက်ခြင်း၊ ထုံကျင်ခြင်းနှင့် ဆီး၊ ၀မ်းမထိန်းနိုင်သောရောဂါတို့ ဖြစ်တတ်သည်။ ထိုကြောင့် နွားနို့နှင့် နို့ထွက်ပစ္စည်းများစားသုံးပေးပါ။၊ ဗီတာမင် B12 ဆေးကို မှီဝဲပေးပါ။

၃။ ကယ်လိုရီလျှော့နည်းခြင်း

အစုံကို စားသုံးသူများထက် သက်သတ်လွတ်သမားများက ကယ်လိုရီဓါတ် အားနည်းနေပါသည်။ ထို့ကြောင့် ကယ်လိုရီဓါတ်ပြည့်ဝလာစေရန် အခွံမာသီးအစေ့များနှင့် သစ်သီးမျိုးစုံတို့ကို စားသုံးပေးပါ။

၎။ သတ္ထုဓါတ်များအားနည်းခြင်း

သံဓါတ်၊ ကာစီယမ်ဓါတ်နှင့် ဇင့်ဓါတ်အားနည်းပါက သွေးအားနည်းခြင်း၊ အရိုးပါးခြင်း၊ အမျိုးသားဟော်မုန်းဓါတ်အားနည်းခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် သံဓါတ်ပြည့်ဝစေရန် ကွေကာအုတ်၊ လိမ္မောသီးဖျော်ရည်တို့ကို သောက်ပေးပါ။ သံဓါတ်များစွာပါဝင်သည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွတ်များများ စာပေးပါ။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: We love vegetarians

ကျန်းမာရေးသတင်းများ

ပိန်ချင်သူများအတွက် ဘေးကင်းတဲ့ အဆီချနည်း

===============================

ဒီနည်းကတော့ ရိုးရိုးရှင်းရှင်း လေးပါ။

စွန်တန်ဟင်းရည် လုပ်တဲ့ အခါမှာ သုံးတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့ စိမ်ပြီး မနက်တိုင်း သောက်သုံး ပေးရမှာပါ။

အရမ်း ချဉ်လွန်းရင်တော့ သကြားထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

မြန်မြန် ကျချင်ရင်တော့ တစ်နေ့ကို (၃)ခွက် သောက်နိုင်တယ်။

အစား ရှောင်စရာ မလိုပါဘူး။

ဟင်းရည်တောင် လုပ်တဲ့ အရာဆိုတော့ ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါဘူး။

တစ်လ အတွင်း(၁၅)ပေါင်ကျသွား နိုင်ပါတယ်။

စမ်းကြည့်လို့ရပါတယ်။

ပိန်ဆေးသောက်တာထက် ဘေးကင်းတဲ့အဆီချနည်း လေးတွေကိုပိုသဘောကျလို့ပါ...ဒါမှတီရှပ်လေးတွေကိုsexy ကျကျဝတ်နိုင်မှာနော်။

Credit :Fashion NOVA
Photo ESCORT FASHION