Wednesday, May 14, 2014

ထက်ခြမ်းခွဲထားသော ကြက်သွန်နီ

သတိ! အန္တရာယ်ရှိသည်
------------------------------

ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။ 

ခွဲခြမ်းထားပြီး အကြာကြီးပစ်ထားတဲ့ ၄င်းကြက်သွန်နီကို စားသုံးမိပါက ဘတ်တီးရီးယားပိုးမွှားများ ပါရှိလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ထို့အပြင် ကြက်သွန်နီဟာ အနံ့ဆိုးများအားလုံးကို စုပ်ယူထားနိုင်သည့် အစွမ်းရှိသည့်အတွက် ခွဲထား၊ စိပ်ထားပြီး ရက်ကျော်သွားလျှင် ပျော့အိနေလျှင် သို့မဟုတ် ပုတ်နံ့ ရနေလျှင် လုံးဝမစားသင့်ကြောင်းပါ။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
Photo = Google search

ကျန်းမာရေးသတင်းများ

No comments:

Post a Comment