Tuesday, May 20, 2014

သစ်သီး၊ သစ်ရွက်များကို အန္တရာယ်မဖြစ်အောင် စားနည်း


---------------------------------------------------------------
ပန်းသီးစားခါနီး သတိထားကြပါ။ ကုန်တိုက်၊ စူပါမားကက်နှင့် ဈေးဆိုင်တို့မှာ ရောင်းချနေတဲ့ ပန်းသီးနှင့် အခြားအသီးများမှာ ရေရှည်ထားခံအောင်နှင့် အအေးခံနိုင်အောင် ဖယောင်းသုတ်ထားတတ်ကြပါတယ်။ Becox wax ကို သုတ်လိမ်းထားပြီး ဘတ်တီးရီးယားပိုးများ မ၀င်အောင်၊ ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ်အောင် လုပ်ထားကြပါတယ်။
အခွံခွါပြီး စားသူများအတွက် ဘာမှမဖြစ်ပေမယ့် အခွံမခွါပဲ ကိုက်စားတတ်သူများအတွက် အလွန်အန္တရာယ်ကြီးပါတယ်။
ဒါ့ကြောင့် ပုံမှာ မြင်ရတဲ့အတိုင်း အခွံကို ရေဆေးထားတဲ့ ဓါးအသန့်နှင့် ဖယောင်းများကို အရင် ခြစ်ထုတ်လိုက်ပြီး ရေထပ်ဆေးကာ စားကြဖို့ ကျန်းမာရေးစာမျက်နှာများမှာ တိုက်တွန်းထားပါတယ်။
နောက်တစ်ခုကတော့ ဈေးက၀ယ်လာတဲ့ သစ်သီးသစ်ရွက်တွေကို ရေအရင်ဆေးပြီးမှသာ ချက်ပြုတ်စားသောက်ကြဖို့ပါ။
ဒီခေတ်မှာတော့ အသီးအရွက်များဟာ ပိုးသတ်ဆေးနှင့် ရေရှည်အထားခံအောင် ဆေးဖြန်းထားတဲ့ အသီးအရွက်များဟာ အလွန်ကို များပြားနေပါတယ်။
ဒါ့ကြောင့် ဈေးက၀ယ်လာပြီးတာနဲ့ မလှီးမဖြတ်မီ ရေဇလုံထဲထည့်ပြီး ရေအရင်ဆေးလိုက်ပါ။ လှီးဖြတ်ပြီးရင်လည်း မချက်မီ ရေဇလုံထဲကို ရှာလကာရည် ၂ဇွန်း၊ ၃ ဇွန်းခန့်ထည်ပြီး ခဏလောက် စိမ်ထားလိုက်ပါ။ ပြီးမှ ရေပြန်ဆေးကျောသန့်စင်ပြီး ချက်ပြုတ်စားသောက်ပါက အန္တရာယ်ကင်းရှင်းပြီး ရောဂါလည်း မဖြစ်နိုင်တော့ပါဘူး။
အသက်ကိုဉာဏ်စောင့်ဆိုသည့်အတိုင်း ဉာဏ်နှင့်ယှဉ်ပြီး အန္တရာယ်ကင်းစွာ စားသောက်နိုင်ကြစေဖို့ မေတ္တာဖြင့် မျှဝေပေးလိုက်ပါသည်။
စောနွဲ့ နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား။ ။ Cleaning Fresh Fruit and Veggies with a Homemade Veggie Wash

No comments:

Post a Comment